|
|
|
|
|
ဆောင်းပါး
|
|
Written by မျိုးချစ်
|
|
Tuesday, 16 March 2010 03:44 |
|
မီးရထား စက်ခေါင်း (နအဖ) နှင့် ရထားတွဲများ(ပြည်သူ)
ယနေ့ မြန်မာနိုင်ငံ တွင် မီးရထား စက်ခေါင်း(နအဖ) မှ ရထားတွဲများ(ပြည်သူ) တွေကို တင်ဆောင်၍ ခရီးတခုကို သွားနေချိန် ဖြစ်ပါတယ်. လောလော ဆယ် အရတော့ ခရီးသွား များကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ရထားစက်ခေါင်း မှ ခေါ်ဆောင်ရာသို့ လိုက်ပါနေသော အချိန်ဖြစ်သည်..ရထားတွဲ များတွင်လဲ အထူးတန်းတွဲ, ရိုးရိုးတန်းတွဲ များအပြင် ကုန်စည်တွဲ များလည်းပါဝင် ပေသည်...ထိုရထားကြီး ခရီးဆက် နေသည်မှာ နှစ် ၂၀ ကြာခဲ့ ပြီဖြစ်သည်..သို့သော်လည်း ရည်မှန်းရာ ခရီးပန်းတိုင် သို့ ရောက်ရှိခြင်းကား မရှိသေးပေ...
ထို ရထားကြီး ပေါ်တွင် ခရီးသွားသူ အမျိုးမျိုး ရှိကြရာ အထူးတန်း၌ လိုက်ပါသော ခရီးသည် များကတော့ အခွင့်ထူး ခံလူတန်းစား ဖြစ်ကြပြီး ဇိမ်နှင့် နေနိုင်စားနိုင် ကြသူများ ဖြစ်ကြပြီး ရိုးရိုးတန်း၌ လိုက်ပါသူ များ အဘို့ကတော့ ကျပ်ကျပ်တည်းတည်း ဖြင့်သာ ဒုက္ခခံ၍ လိုက်ပါနေကြရသည်...
ဤသို့သော အချိန်တွင် ရထားနှင့် အတူ ခရီးမသွား သောသူများလဲ ရှိကြသည်..ထိုသူများ သည်ရထားကြီး ကိုစောင့်ကြည့်ရင်း ဖြင့် ရထားကြီးကတော့ ဖြင့်ခရီးဆုံး ရောက်ခါနီးပြီ တချို့ကလဲ ဒီရထားကြီး ကတော့ ဘယ်တော့မှ ခရီးဆုံးမှာ မဟုတ်ဘူး စသည်ဖြင့် ကိုယ်သန်ရာ သန်ရာအမျိုးအမျိုး သောထင်ကြေးများ ပေးတတ်ကြ၏..
သို့ဖြစ်ရာတွင် ရထားနှင့် အတူ လိုက်သည်ဖြစ်စေ အတူမလိုက်သည် ဖြစ်စေ ဤရထားကြီး ခရီးဆက်နေ ခြင်းကို နှစ်သက်လျှင် တော့ လက်ပိုက်ပြီး ကြည့်နေရုံသာ ရှိ၏. အကယ်၍ မနှစ်သက် မှုများရှိခဲ့ သော်မည်သို့ လုပ်ရမည်နည်း....
အဖြေကား ရှင်းပါသည် မကြိုက် နှစ်သက် ခဲ့သည်ရှိသော် ရထားပေါ် တွင်ရှိသော ခရီးသည် များကို ဝေဖန် နေမည့် အစား ဤရထားကို ရပ်သွားအောင် ပြုရမည်သာ ဖြစ်ပေသည်..ဆက်မသွား ချင်သူများ အနေဖြင့် လဲ မိမိတို့ စီးနေသော တွဲကို ဖြုတ်ထား ခြင်းဖြင့် လဲ ဤရထား ကိုရပ်သွား အောင်ပြုလုပ် ၍မရနိုင်ပါ...တခုတည်း သောနည်းလမ်းမှာ အဓိက ကြသော ရထားစက် ခေါင်းကို ရပ်အောင်လုပ် နိုင်မှသာ လျှင် ဤရထားကြီး မလွဲမသေ ရပ်သွားမည် ဆိုတာကို အားလုံး သိထားရန် လိုပါသည်...
အထက်က ပြောခဲ့ သောအကြောင်းအရာ များသည် လက်ရှိဖြစ် ပေါ်နေသော မြန်မာပြည် အကြောင်းကို ဥပမာပေး တင်စား ထားခြင်းသာ ဖြစ်ပေသည်...
မြန်မာပြည် တွင်ဖြစ်ပေါ် နေသော အကြောင်းတရား များနှင့် ပတ်သက်၍ လူအများ သည်အတွေးများ ချော်၍ မည်သူက ဘယ်လိုချမ်းသာ နေပြီ, မည်သူက ဖြင့်နအဖ နှင့်လက်တွဲ နေပြီ, ဘယ်ဗိုလ်ချုပ် ကဖြင့် စီးပွါးရေး ကောင်းနေပြီ, မည်သူကတော့ ဖြင့် ရွေးကောက်ပွဲ ဝင်တော့မည် အစရှိ သဖြင့် အတွေးချော် ကာ ဒွေးတော် လွမ်းတဲ့ ဇတ်လမ်းများ ပြည်နှက်နေသည်...ဖြစ်သင့်သည်က အဓိက ကြသော ရထားစက်ခေါင်း(နအဖ) ကို ရပ်သွားရေး ဆိုသော တနည်းတည်း သောလမ်းကိုသာ အာရုံစိုက် ၍အားလုံး ပူးပေါင်း ဆောင်ရွက် ကြမည်ဆို လျှင် အချိန်မနှောင်းသေးပါ.....ဒါမှမဟုတ် လျှင်တော့ ရထားကြီး ခရီးဆုံး(ရွေးကောက်ပွဲပြီးသွားလျှင်) ရောက်သွား လျှင်တော့ အထက်က ပြောခဲ့သည့် အတိုင်း ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ လက်ပိုက်ပြီး သာကြည့် နေရတော့ မှာ ဖြစ်ပါကြောင်း....
ရာဇာ |
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 1 of 261 |