Home စာပေ ဟာသ
ဟာသ
Test yourself to find out if you are a homosexual or NOT! PDF Print E-mail
စာပေ - ဟာသ
Written by မျိုးချစ်   
Sunday, 28 February 2010 12:53

နောက်ဆုံးပေါ် ဆေးသိပ္ပံနည်းတစ်ခုနဲ့ သင်ဟာ လိင်တူချင်း စိတ်ဝင်စားသူ ဟုတ်မဟုတ်ကို ဒီ Link လေးမှာ သွားရောက် စမ်းသပ်နိုင်ပါပြီ

With the help of latest medical technoly, you can now test yourself whether you are a homosexual or not by clicking HERE.

 
အပျိုကြီးများ၏အားသာချက်များ PDF Print E-mail
စာပေ - ဟာသ
Written by မျိုးချစ်   
Friday, 26 February 2010 14:01

အပျိုကြီးတို့ကို "ဖက်လုံးအဖော်ပြုသူ" "တိရစ္ဆာန်ထိန်းကျောင်းသူ" "အထီးကျန်သူ" စသည်ဖြင့် ထိခိုက်ပြောဆိုမှုတစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုကြသဖြင့် သူတို့တွင် အားသာချက်များရှိနေကြသည်။
ယင်းအားသာချက်များမှာ-

(၁) ရုပ်မြင်သံကြားကြည့်ပါက remote control လုစရာမလိုခြင်း။
(၂) နံစော်သောအ၀တ်အစားများကို လျှော်စရာမလိုခြင်း။
(၃) ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။
(၄) ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့်ရခြင်း။
(၅) တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးလုပ်စရာမလိုခြင်း။
(၆) 'ဘာဝတ်မှာလဲ' 'ဒါလေးဝတ်ပါလား' ဟုနေ့စဉ် ပြောစရာမလိုခြင်း။
(၇) အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာ မလိုခြင်း။
(၈) မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။
(၉) စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင် လွတ်လပ်မှုရှိခြင်း။
(၁၀) အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူတစ်ဦးဦးကို စောင့်ကြည့်၊ ဆူပူ၊ ထိန်းချုပ်နေစရာမလိုခြင်း။
(၁၁) ကုတင်ပေါ်တွင် လွတ်လွတ် လပ်လပ် တစ်ကိုယ်တည်းစိတ်ကြိုက်အိပ်စက်ရခြင်း။
(၁၂) မည်သူနှင့်မျှ စကားမပြောလိုဘဲ တစ်ကိုယ်တည်းတိတ်ဆိတ်စွာ နေလိုပါကနေခွင့်ရခြင်း။
(၁၃) လွတ်လပ်စွာ ရွေးချယ်ခွင့်ရခြင်း။
(၁၄) သွားရည်များ ပေမနေသော ခေါင်းအုံးနှင့် အိပ်ခွင့်ရခြင်း။
(၁၅) ဟောက်သံကင်းကင်းဖြင့် အိပ်ခွင့်ရခြင်း။
(၁၆) သွားချင်ရာသို့ သွားချင်သည့်အချိန်တွင် သွားလာခွင့်ရခြင်း။
(၁၇) ၀ယ်ချင်ရာကို ၀ယ်နိုင်ခြင်း၊ အ၀တ်ဗီရိုထဲထည့်ဖွက်ထားစရာလိုခြင်း၊ ၀ယ်ထားတာကြာပါပြီဟု လိမ်ပြောစရာမလိုခြင်း။
(၁၈) စည်းကမ်းများ၊ တင်းကြပ်မှုများ၊ ဘောင်များကြားတွင် နေစရာမလိုခြင်း။
(၁၉) မိမိယုံကြည်ရာ ပြောလိုရာကို ပြောလိုသူနှင့်ပြောဆိုဆွေးနွေးနိုင်ခြင်း။
(၂၀) စားချင်ရာစားသောက်နိုင်ခြင်း။
(၂၁) လုပ်ချင်သည့် အလုပ်အကိုင် လုပ်ကိုင်နိုင်ခြင်း။
(၂၂) ညဖက် အလုပ်လုပ်နိုင်ခြင်း၊ စာဖတ်နိုင်ခြင်း၊ ရုပ်မြင်သံကြားကြည့်ရှုနိုင်ခြင်း၊ အိပ်ချင်သည့်အချိန်မှ အိပ်ရာဝင်နိုင်ခြင်း။
(၂၃) အ၀တ်ဗီရိုကို စိတ်ကြိုက်အသုံးပြုနိုင်ခြင်း။
(၂၄) မိမိစိတ်မ၀င်စားသည့်အကြောင်းအရာ ပစ္စည်းပစ္စယတို့ကို လိုက်ပါစိတ်ဝင်စားနေစရာမလိုခြင်း။
(၂၅) မိမိမကြိုက်သောအပြုအမူ၊ အနေအထိုင်၊ အသံဗလံများကို အထူးသည်းခံခွင့်လွှတ်စရာမလိုခြင်း။
(၂၆) လွတ်လွတ်လပ်လပ် လေပုပ်ထုတ်နိုင်ခြင်း။
(၂၇) အမျိုးသမီးလစဉ်သုံးပစ္စည်းကို လွတ်လွတ်လပ်လပ်ထားနိုင်ခြင်း။
(၂၈) မိမိမသုံးဘဲ ရေအိမ်ကိုရေဆွဲချစရာ၊ တိုက်ချွတ်သန့်ရှင်းစရာမလိုခြင်း။
(၂၉) စိတ်မပါသော်လည်း သည်းခံစိတ်လျှော့ကာ ပြုစုနေစရာမလိုခြင်း။
(၃၀) မိမိကို ထားရစ်ခဲ့မှာကို စိတ်ပူစရာမလိုခြင်း။
(၃၁) တစ်စုံတစ်ဦးကို မှီခိုအားကိုးနေစရာမလိုခြင်း။              စသည်တို့ဖြစ်သည်။

 

ရွှေလပြည့်

 
ကွန်ပျူတာနှင့် တူသော မိန်းကလေးများ PDF Print E-mail
စာပေ - ဟာသ
Written by မျိုးချစ်   
Tuesday, 23 February 2010 09:08

ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာများ တိုးတက်နေသော ယနေ့ခေတ်ကြီးတွင် ကျွန်တော်သည် မြင်မြင်သမျှကို ကွန်ပျူတာတစ်လုံးနှင့် နှိုင်းယှဉ်ခံစားတတ်သော အလေ့အကျင့်ရှိသည်။

ဥပမာ လူတစ် ယောက်၏ ခန္စာကိုယ်ဖွဲ့တည်ဆောက်မှုသည် ကွန်ပျူတာဖြင့် ဆင်တူသည်ဟု ယူဆနေတတ်သည်။
ယခုလည်း ကျွန်တော်သည် အသက်အရွယ်အရ အိမ်ထောင်ပြုရမည့် အချိန်အခါသို့ ရောက်နေပေပြီ။ ထိုအခါ ကျွန်တော်နှင့် သက်ဆိုင်ရမည့် ဇနီးတစ်ယောက်အား ရှာဖွေရာတွင် ကျွန်တော်၏ အမူအကျင့် အတိုင်း ကွန်ပျူတာ အစိတ်အပိုင်း တစ်ခုစီ၏ လုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်လေ့လာ စဉ်းစားလျက် ရွေးချယ်ရ
ခက်နေသည်။ စာဖတ်သူ အနေဖြင့် ကျွန်တော့် စဉ်းစားချက်များထဲမှ မည်ကဲ့သို့သော စရိုက်ရှိသူ အမျိုးကောင်း သမီးကို ရွေးချယ်သင့်သည်ကို ကူညီပေးပါရန် ကွန်ပျူတာနှင့် တူသော မိန်းကလေးများကို တင်ပြရသော်......

 

၁။ Computer Desktop နှင့်တူသော မိန်းကလေး

သူလိုအပ်သမျှကို အခြေအနေ အချိန်အခါ၊ အမျိုးအစားမရွေးဘဲ တစ်နေရာတည်းမှာ တစ်ပြင်းတည်း ပြထားတတ်ပြီး အချို့အလက်များကို အထင်တကြီး ဖြင့် ဖော်ထုတ်ကြည့်ပါက ဘာမှအကျိုးမထူးသော အခွံများကိုသာ ပြယုဂ်ကောင်းကောင်းဖြင့် ရှိုးပြတတ်သူ။

 

၂။ Mouse နှင့်တူသော မိန်းကလေး

ဟိုလက်ညှိုးထိုး၊ ဒီလက်ညိုးထိုး၊ ဖွင့်စေလိုဖွင့်၊ ပိတ်စေလိုပိတ် နေရာတကာ ပါတတ်သူ။

 

၃။ Keyboard နှင့်တူသော မိန်းကလေး

တစ်ခါတစ်ရံ Mouse ကိုသုံးလိုက်ပါက အလွန်လွယ်ကူနေသော ခရီးလမ်းမျိုးကို တမင်တကာ ရှောင်ကွင်းကာ တူညီသော ရလာဒ်အတွက် ကွေ့ကာဝိုက်ကာ အလုပ်လုပ်တတ်သူ (မာယာများတတ်သူ)။

 

၎။ CD Rom နှင့် တူသော မိန်းကလေး

သူ၏ သဘောထာများကိုသာ တစ်ဖက်သတ် တင်ပြတတ်ပြီး သူ့ကိုတော့ ပြန်လည်ပြင်ဆင်တာမျိုး လုံးဝလက်မခံသူ။

 

၅။ Screen Saver နှင့်တူတော မိန်းကလေး

သူ့ကို ဥပက္ခာပြုထားပါက ပြန်လည် ဂရုစိုက်စေရန် နည်းမျိုးစုံဖြင့် ဆွဲဆောင်တတ်သော်လည်း ထိတွေ့မိပါက ပျောက်ကွယ်ရှောင်ပုန်း နေတတ်သူ။

 

၆။ Hard Disk နှင့် တူသော မိန်းကလေး

ရရှိလာသမျှ ပိုင်ဆိုင်မှုတို့ကို သိမ်းဆည်းသိုလှောင်ရန် လွယ်ကူသလောက် လိုအပ်သဖြင့် ပြန်ထုတ်လျှင် လွန်စွာ ကြန့်ကြာ တတ်သူ၊ တစ်ခါတစ်ရံ သိမ်းထားသမျှမရှိတော့ဘူးဟု ပြောတတ်သူ။

 

၇။ Memory နှင့်တူသော မိန်းကလေး

ဘယ်လိုဖျောင်းဖျ ဖျောင်းဖျ ဘာပြောပြော ဘာပေးပေး ဘယ်လိုထားထား သဘောထားလွယ်ကူ သလောက် မီးပျက်လျှင် (မျက်ကွယ်ပြုပါက) သူမ၏ မှတ်ဥာဏ်၌ ဘာဆိုဘာမျှ မကျန်တတ်သူ။

 

၈။ Power Supply နှင့်တူသော မိန်းကလေး

မင်းရဲ့ System ကြီး ဘယ်လောက်ကောင်းကောင်း တို့မပါရင် မင်းမလည်ပတ်နိုင်ပါဘူးဆိုပြီးတော့ Main Point ကို ကိုင်လှုပ်တတ်သူ။

 

၉။ Virus နှင့် တူသော မိန်းကလေး

System တစ်ခုအတွင်း သူဘယ်အချိန်က ဘယ်လိုဝင်ရောက်လာသလဲ မသိရလောက်အောင်ညင်သာပြီး သူရှိနေပြီလို့ ထင်ထင်ရှားရှား သိလာရတဲ့အခါ ကျတော့လည်း ဒုက္ခအမျိုးမျိုး ပေးတယ်။ သူ့ကို ဖယ်ထုတ် လိုက်ရင်လည်း System (သို့) Parts တစ်ခုခုကို ဖျက်ပြီးမှ ထွက်သွားတတ်သူ။

 

၁၀။ Server နှင့်တူသော မိန်းကလေး

သူနှင့်ဆက်စပ် ပတ်သက်သမျှကို အမိန့်ပေး ခိုင်းစေအုပ်ချုပ် တတ်ပြီးသူနှင့် ထိတွေ့ပေါင်းသင်းရန် စကားဝှက် မမှန်ပါကလည်း ခပ်တင်းတင်းပင် ငြင်းဆန်တတ်သူ။

 

၁၁။ Internet နှင့်တူသော မိန်းကလေး

သူမသိတာ ဘာမျှမရှိ၊ အကုန်လုံးသိပေမယ့် နမူနာဘဲပေးတတ်သူ၊ တစ်ခါတစ်ရံ ငွေကြေးများစွာ တောင်းခံတတ်သူ၊ တစ်ခါတစ်ရံ အကူအညီ (Download) တောင်းပါက ကြန့်ကြာတတ်သူ။

 

မူရင်း - http://kmaung.myanmarbloggers.info/2009/06/blog-post_3352.html

 
တိတ်တိတ်ပုန်းဟာသများ PDF Print E-mail
စာပေ - ဟာသ
Written by မျိုးချစ်   
Wednesday, 10 February 2010 16:09

ခေါင်းစဉ်ကြည့်ကတည်းက သိသာပါတယ်။ ဒီပို့စ်ဟာ ရိုင်းရင်လည်းရိုင်းမယ်။ အဓိပ္ပါယ်မဲ့ရင်လည်း မဲ့မယ်။ အဆဲခံထိရင်လည်း ထိမယ်။ ဒါပေမယ့် ပြုံးဖြစ်မယ်လို့ထင်ပါတယ်။ (မပြုံးလည်းရပါတယ်.. အတုတော့မခိုးပါနဲ့ :P)

 

(၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစားလိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

(၂) လိပ်ပြာမလုံတဲ့ တိတ်တိတ်ပုန်း

ဒီလင်မယားနှစ်ယောက်စလုံး နောက်မီးလင်းကြတယ်။ ယောက်ျားက ည ည အကြောင်းပြပြီး အပြင်ထွက်တယ်။ ဒါပေမယ့် တစ်ညမှာ လင်မယားနှစ်ယောက်စလုံး ဆုံကြပြီး ကိုယ်လုပ်တဲ့အပြစ်အတွက် နေမထိထိုင်မသာ ဖြစ်နေကြတယ်။ နှစ်ဦးသား ညအိပ်ရာဝင်ပြီး မနက်မိုးလင်းခါနီးအရောက်မှာ မိန်းမဖြစ်သူက ရုတ်တရက် ထထိုင်ပြီးယောင်တယ်။

"ဒုက္ခပဲ.. ဒုက္ခပဲ... ကျွန်မယောက်ျားပြန်လာပြီ"

မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့တယ်။

 
အင်တာနက် မှ ဟာသများ (၉) PDF Print E-mail
စာပေ - ဟာသ
Written by မျိုးချစ်   
Wednesday, 27 January 2010 09:11

1.၀မ်းနည်းပါတယ်

“ဘူးတာရုံကိုသွားဖို့ အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်”
“၀မ်းနည်းပါတယ် ၊ မပြနိုင်ပါဘူး”
“ သြော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်
“ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ”

 

 
2.ပိန်ဆေး

“ဂျင်နီ ၊ ယူ့ယောင်္ကျား အတော့်ကို ပိန် သွားပါလား  ၊ ဘာဆေးသောက်သလဲ”
“ဘာဆေးမှ မသောက်ပါဘူး ၊ နေ့တိုင်းငါးသွားမျှားတယ်”
“ငါးမျှားတာနဲ့ ပိန်တာ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ ထမင်းစားတာလေ”

 

3.မတွန်းနဲ့

ဘတ်စ်ကားပေါ်တွင်
“ခင်ဗျား ကျွန်တော်ကို ချည်းဘာဖြစ်လို့ တွန်းနေရတာလဲဗျာ”
“ကားက ဒီလောက်ကျပ်နေတဲ့ ဥစ္စာ လူရွှေးတွန်းနေရအုန်းမှာလား ဗျ”

 

4.ဆေးကောင်း

အလုပ်သင်ဆရာဝန်မှ ၀ါရင့်သမားတော်ကြီးအား မေးသည်။
“ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ”
“၀မ်းနှုတ်ဆေး”
“ဘာ ၊ ဘာ ၀မ်းနှုတ်ဆေး ၊ ဟုတ်လား ၀မ်းနှုတ်ဆေးက ချောင်းဆိုးတာကို သက်သာစေလို့လားဗျာ”
“၀မ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့ ဘယ်ချောင်းဆိုးရဲတော့မလဲ ၊ စဉ်းစားကြည့်စမ်းပါ”

 

5.ငါမဟုတ်ဘူး

သစ်ခုတ်သမား နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်
“နေကောင်းရဲ့လား ၊ ဂျက်”
“ကောင်းတယ် ၊ သူငယ်ချင်းတို့”
“ငါနဲ့ အယ်ဒီနဲ့ အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်းတွေ့ခဲ့တယ် ၊ ငါတို့က သေတဲ့သူက မင်းထင်လို့”
“ဒါနဲ့ သူပုံပန်းက ဘယ်လိုရှိလဲ”
“အရပ်အမောင်းက မင်းအရွှယ်ပဲ”
“ရှပ်အင်္ကျီ အနီရောင်နဲ့လား”
“မဟုတ်ဘူး အညိုရောင်ကွ”
“ဒါဆိုရင်တော့ ငါ မဟုတ်ဘူး”

 

6.ခေတ်ဆိုး

ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။
ရဲသား - “ မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ”
သူခိုး - “ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့ အိမ်ကိုပစ်ပြီး အကြာကြီး မသွားချင်လို့ပါဗျာ”

 

7.သိရအောင်ပါ

ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။
လူငယ်“ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော် နှာခေါင်းကို ကိုင်ထားရတာလဲဗျာ”
ဆံပင်ညှပ်ဆရာ “အော် ဒါလား ၊  မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လိုပါ”

 

8.အရှုံးပေးပါပြီ

ဇိမ်ခံ သင်္ဘောပေးတွင် လိုက်ပါလာလာ ခရီးသည်များအား ဖျော်ဖြေရန်မျက်လှည့်စရာ တစ်ဦးက မျက်လှည့်ပြသည်။ သင်္ဘောပေါ်မှ ကြက်တူရွှေးသည် မျက်လှည့်ဆရာ မျက်လှည့်ပြသည့်အခါတိုင်း အမျိုးမျိုး ဒုက္ခပေးလေသည်။
“ဖဲချပ်တွေ သူ့လက်ထဲမှာ ”
“ သူထုပ်ပြတဲ့ ယုန်ဟာ အစစ်မဟုတ်ဘူး ၊ ပလစ်စတစ်” ထိုသို့ မျက်လှည့်စရာ၏ လျို့ဝှက်ချက်များကိုကြက်တူရွှေးက ဖော်ထုတ်နေသည်။မျက်လှည့်စရာလဲ ရှက်ရှက်နဲ့ အောင့်အီးသည်းခံ နေရလေသည်။
တစ်နေ့တွင် သင်္ဘောနစ်မြုပ်ပြီး မျက်လှည့်ဆရာ ၊ ကြက်တူရွှေး ၊သစ်သားတစ်ချပ်သာ ရေပေါ်တွင် ကျန်နေ၏။ မျက်လှည့်ဆရာလည်း သစ်သားပြားကို ဆွဲယူကာ ရေပေါ်တွင် ကိုယ်ဖော့နေလေသည်။
ထိုအခါ ကြက်တူရွှေးက “ ကျွန်တော် အရှုံးပေးပါပြီ ခင်ဗျာ ၊ ဒါပေမယ့် သင်္ဘောကို ခင်ဗျားဘယ်မှာ ၀ှက်ထားသလဲဆိုတာတော့ ပြောပြစမ်းပါ” ဟုဆိုလိုက်သည်။

 

9.တစ်ခုပဲ

အိပ်ခန်းအသစ်ရသူကို ရုံးမှ လုပ်ဖော်ကိုင်ဖက်များက ၀မ်းသာ စကားပြောကြသည်။
“အိပ်ခန်းမှာ ဘာချို့ယွင်းချက်တွေ တွေ့လဲဗျ”
“လာလောဆယ်တော့ တစ်ခုပဲ”
“ချို့ယွင်းချက် တစ်ခုတည်း ဟုတ်လား ၊ဒါဆိုကံကောင်းတယ်ဆိုရမယ်၊ ဒါနဲ့ ဘာချို့ယွင်းချက်လဲ”
“အ၀င်တံခါးဖွင့်ကို ဖွင့်လို့ကို မရဘူး”

 

10.ချစ်သူတွေ ၀ိုင်းဝိုင်းလည်

မိန်းမ-“အပျို ဘ၀တုန်းကများ ကျွန်မကို ပိုးပန်းတဲ့ လူတွေ အများကြီးပဲ ၊ ကျွန်မက အာလုံးကိုငြင်းခဲ့တာရှင့်”
ယောင်္ကျား-“အဲ့ဒီလူစုထဲမှာ ငါမပါတာ ၀မ်းနည်းလိုက်တာ”

 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 20

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ