• Narrow screen resolution
  • Wide screen resolution
  • Wide screen resolution
  • Increase font size
  • Decrease font size
  • Default font size
OOPS. Your Flash player is missing or outdated.Click here to update your player so you can see this content.
Home စာပေ လူမှုရေး ရန်ကုန်မြို့၏ လမ်းမပေါ်က ဇရာအိုများ
ရန်ကုန်မြို့၏ လမ်းမပေါ်က ဇရာအိုများ PDF Print E-mail
User Rating: / 0
PoorBest 
စာပေ - လူမှုရေး
Written by မျိုးချစ်   
Wednesday, 02 December 2009 13:50

ရန်ကုန်မြို့၏ တရုတ်တန်းဟု အများက သတ်မှတ် ခေါ်ဆိုကြသည့် လသာမြို့နယ် မဟာဗန္ဓုလ ကားလမ်းမကြီး ဘေးတလျှောက်တွင် ညနေခင်းအချိန် ဖြစ်သောကြောင့် ကြေးအိုးဆီချက် ခေါက်ဆွဲဆိုင်များ၊လမ်းဘေး မုန့်ဆိုင် များ၊ အထည်ဆိုင်လေးများ၊ ရာပေါင်းများစွာသော ဈေးသည်များ၊ လာရောက်စားသောက်ကြသူများနှင့် ဈေးဝယ် သူ များပြည့်နှက်နေသည်။

ရှုပ်ယှက်ခတ်နေသည့်လူအုပ်ထဲတွင် ရွှေပေါက္ကံမြို့နယ် ဆင်ဖုံကျေးရွာမှအသက်၇၈ နှစ်အရွယ် ဒေါ်အုန်းမြင့် ဆိုသည့်အမယ်အိုကြီး တဦးလည်းအပါအ၀င်ဖြစ်ပြီး သူမသည် တုန်တုန်ယင်ယင်နှင့် တလှမ်းချင်း လျှောက်လှမ်း နေသည်။ အမယ်အိုသည်ညစ်ထေးစုတ်ပြတ်နေသည့် အ၀တ်အစားကိုဝတ်ဆင်ထားပြီး သေးကွေးကြုံလှီလှသော
သူမ၏ကိုယ်ခန္ဓာမှာ လူအများကြားတွင် တရွေ့ရွေ့ ရွေ့လျားနေသည်။ သူမ၏လက်တဘက်တွင်ကား သေးငယ် လှသည့် နှီးဖာစုတ်လေးတခုကို ကိုင်ရင်းနှုတ်ကလည်း တစုံတခုကို တတွတ်တွတ်ရွတ်ဆိုလျက်ရှိသည်။
အမယ်အို၏နှုတ်ခမ်းဆီက တိုးတိုးသဲ့သဲ့ တုန်ရီစွာထွက်ပေါ်လာသည့်အသံမှာ“သားလေးတို့ သမီးလေးတို့ရယ် ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနားပါ”ဆိုသည့်အသံပင်။ သူမ၏ နှီးဖာစုတ်လေးထဲတွင် ဟောင်းနွမ်း စုတ် ပြတ်နေသည့် ၁၀ တန်၊၂၀ တန် နှင့် ၅၀ ကျပ်တန်ငွေအကြွေ စက္ကူလေးများက ဖရိုဖရဲ။
“အဘွားနေတဲ့အိမ်ကလေးက လေတွေတိုက်တုန်းက ပြိုသွားတယ်၊ အဘွားကတကောင်ကြွက်၊ အရင်တုန်း က ဈေးရောင်းတယ်၊ အသက်ကြီးလာတော့ ဈေးမရောင်းနိုင်တော့ဘူး၊ လေတိုက်လို့ပြိုသွားတဲ့အိမ်က ပြန်မဆောက် နိုင်တော့ သူများအိမ်မှာ ကပ်နေရတယ်”ဟု အမယ်အိုကလေသံအေးအေးနှင့်ရှင်းပြသည်။
၂၀၀၈ ခုနစ်မေလဆန်းပိုင်း  မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခတ်သည့် နာဂစ်မုန်တိုင်းကြောင့်နေအိမ်ပျက်စီး သွားပြီး ကယ်ကူသူမဲ့မုန်တိုင်းသင့်ဒုက္ခသည်တဦးဖြစ်နေရသော ဒေါ်အုန်းမြင့်မှာဆွေမျိုးအထောက်အပံ့မရှိ ခိုကိုးရာမဲ့ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အို အမယ်အိုကြီးတဦး ဆိုလျှင်လည်းမမှားနိုင်ပေ။
ဒေါ်အုန်းမြင့်ကဲ့သို့ ကယ်သူမရှိ ခိုကိုးရာမဲ့ ဖြစ်နေသည့် သက်ကြီးရွယ်အိုအမြောက်အမြား ရန်ကုန်မြို့တော်၏ လမ်းမကြီးများပေါ်တွင်သာမကတခြားမြို့ပြဒေသကြီးများတွင်လည်း အရေအတွက်များစွာဖြင့် ရှိလာပါသည်။
မြန်မာ့ရိုးရာထုံးတမ်းစဉ်လာအရ မိဘဘိုးဘွားများ အိုမင်းမစွမ်း အသက်အရွယ်ကြီးရင့်လာသောအခါ သားသမီး မြေးမြစ်များကပြန်လည်ပြုစုစောင့်ရှောက်ကြလေ့ရှိပြီး သားသမီးဆွေမျိုးအထောက်အပံ့မရှိခဲ့ပါက ရပ်ရွာလူ့ အဖွဲ့ အစည်းက အဘိုးအဘွားနှင့် သက်ကြီးရွယ်အိုများကိုစားဝတ်နေရေးလိုလေသေးမရှိ ထောက်ပံ့ ကူညီကြလေ့ ရှိခြင်းသည် ယဉ်ကျေးပျူငှာသောမြန်မာ့ဓလေ့စရိုက်အဖြစ် နှစ်ပေါင်းများစွာတည်တံ့နေလာခဲ့သည်။
သို့ရာတွင် စီးပွာရေးကြပ်တည်းပြီး အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးအတွက် ကြုံရာကျပန်း ရုန်းကန် လုပ်ကိုင် စားသောက်ရသည့် စစ်အစိုးရလက်ထက်တွင်မူ ထိုယဉ်ကျေးပျူငှာသော မြန်မာ့ဓလေ့များကွယ်ပျောက် ကာ သက်ကြီးရွယ်အိုဘိုးဘွားများမှာလည်း ထောက်ပံ့ကျွေးမွေးပြုစုစောင့်ရှောက်မည့်သူမရှိကြုံရာကျပန်း အလုပ် ကြမ်းများ လုပ်ကိုင်စားသောက်ရင်း လမ်းမများပေါ်တွင်လေလွင့်တောင်းရမ်းစား သောက်ရသည့် အခြေ အနေသို့ ဆိုက်ရောက်သွားတော့သည်။ (ဆက်ဖတ်ရန်)

ပူပြင်းလှသည့် နေ့လယ်အချိန် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ကတ္တရာလမ်းမကြီးပေါ်တွင် သက်ကြီးရွယ်အို ဘိုးဘွားစုံတွဲတတွဲ အမိုးအကာမရှိငုတ်တုတ်ထိုင်နေသည်။
အမယ်အိုနှင့် အဘိုးအိုမှာ အပူရှိန်ကြောင့် ပင်ပန်းနွမ်းနေသည့်အပြင် သူတို့၏အရိုးပေါ်အရေတင် ပုံစံက ဇရာကြောင့် ပိန်လှီခြင်းထက် အာဟာရမပြည့်ဝခြင်းကြောင့် ပိန်လှီနေသည့်ပုံစံပေါက်နေသည်။
သူတို့၏အရှေ့တွင် အညိုရောင် ယောဂီ အ၀တ်ခေါက်လေး တခုရှိနေပြီးအဆိုပါအ၀တ်ခေါက်ပုံလေးပေါ်တွင် ငွေစက္ကူလေးများက တွန့်ကြေလိမ်ခေါက်စွာရှိနေသည်။ အမယ်အိုနှင့် အဘိုးအိုကား ဒေါ်အုန်းမြင့်ကဲ့သို့ပင် တောင်းရမ်းစားသောက်နေရသူများပင် ဖြစ်သည်။

“အမေတို့မှာသား ၂ ယောက်ရှိတယ်၊ ၂ ယောက်စလုံး ဆုံးသွားပြီ၊ သားအငယ်က စစ်သား၊ ၈၈ မတိုင်မီ အသက် ၂၀ အရွယ် မိုင်းဆတ်မှာ တိုက်ပွဲကျတယ်။ သားအကြီးကလည်း စက်ရုံဝန်ထမ်း စက်ညပ်ပြီး ဆုံးတယ်”ဟု ဒေါ်မြစိန် ဆိုသည့် အသက် ၇၀ ကျော်အရွယ် အမယ်အိုကပြောသည်။
ဒေါ်မြစိန်၏ခင်ပွန်းဖြစ်သူ အဘိုးအိုမှာ လေသင်တုန်းဖြတ်မှုကြောင့် ကိုယ်ခန္ဓာလှုပ်ရှားမှုနှေးကွေးနေပြီး စကား လည်း မပြောနိုင်တော့ကြောင်း အမယ်အိုက ရှင်းပြသည်။
“ဆွေမျိုးတွေရှိပေမယ့် ကိုယ်လိုသူလို မရှိဆင်းရဲသားဆိုတော့ တယောက်ကိုတယောက်မကူညီနိုင်ကြဘူး၊ နေတာက အင်းစိန်မှာ”ဟု ဒေါ်မြစိန်ကသူတို့၏ဘ၀အကြောင်း ခပ်တိုတိုပြောပြသည်။
မြန်မာနိုင်ငံ၏လမ်းမကြီးများပေါ်တွင် ရောက်ရှိ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အိုများတွင် မျက်စိကွယ်နေသူများ၊ လေဖြတ်နေသူများနှင့် ကျန်းမာရေးမကောင်းသော အဘိုးအို၊ အဘွားအိုများပါဝင်ပြီး ဘ၀၏နောက်ဆုံး နေ၀င်ချိန်များကိုလမ်းများပေါ်တွင် ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေရကြောင်း ပြည်တွင်း လူမှုရေးဆိုင်ရာNGO တခုမှ နာမည်ကြီး စာရေးဆရာတဦးကပြောသည်။
“လမ်းမတွေမှာ အလှူခံလှည့်လည်နေတဲ့ ဂီလာနသက်ကြီးရွယ်အို အဘိုးအဘွားတွေ များလာတာကို သတိ ထား မိတယ်၊ သိရသလောက် အများစုကတော့ စီးပွားရေးမပြေလည်လို့ဒီလိုဖြစ်လာကြတာ၊ တချို့ဆိုရင် သားသမီး ရှိပင်သော်ငြား စီးပွားရေးက လုံးဝအဆင်မပြေတော့ မိဘကိုတောင် မကျွေးမွေးနိုင်ဘူး၊ အဲဒီတော့ သက်ကြီး ရွယ်အိုတွေလည်း လမ်းပေါ်ရောက်လာကြရတယ်” ဟု အဆိုပါစာရေးဆရာကဆိုသည်။
စစ်အစိုးရလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် ဘိုးဘွားဦးရေ ၄.၇ သန်းရှိကြောင်းသိရသည်။
မြန်မာနိုင်ငံ၌ လမ်းမများတွင်တောင်းရမ်း စားသောက်နေရသည့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများ၊ ဆင်းရဲမှုကြောင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသော ဇရာအရွယ် ဘိုးဘွားများ သောင်းဂဏန်းများစွာရှိနိုင်ကြောင်းလည်း
ရန်ကုန်မြို့ခံများ၏အဆိုအရ သိရှိရသည်။
“ဈေးတွေမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဘွားအိုတွေ၊ အမှိုက်သိမ်းတဲ့ အဘွားကြီးတွေ တော်တော်များများ ရှိလာတယ်၊ လမ်းတွေပေါ်မှာ ခေါင်းရွက်ဗျပ်ထိုးရောင်းနေတဲ့ ဈေးသည် အဘွားအိုတွေ နေရာတော်တော် များများမှာ တွေ့လာရတယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကပြောကြားသည်။
လမ်းမပေါ်ရောက်သက်ကြီးရွယ်အိုများနှင့် ဆင်းရဲပင်ပန်းစွာလုပ်ကိုင်စားသောက်နေရသော ဇရာ အရွယ်အို နိုင်ငံသားများကို ပြုစုစောင့်ရှောက်ရန် တာဝန်အပြည့်အ၀ရှိသူမှာ အုပ်ချူပ်သူအစိုးရပင် ဖြစ်လင့်ကစား လက်ရှိမြန်မာနိုင်ငံကို အုပ်ချူပ်နေသော စစ်အစိုးရမှာ ထိုတာဝန်များကို ပျက်ကွက်နေကြောင်း ရန်ကုန်မှ ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။
“သက်ကြီးရွယ်အိုတွေဆိုတာ Senior Citizen တွေပဲ၊ ဒီ လူတွေကိုပြုစုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူဟာ နိုင်ငံအုပ်ချူပ်တဲ့ အစိုးရပဲ၊ Senior Citizen တွေ လမ်းပေါ်ရောက်ကုန်တယ်၊ ပင်ပင်ပန်းပန်းနဲ့ နေ၀င်ချိန်ကို ကုန်ဆုံးရတယ်ဆိုရင် တာဝန်အရှိဆုံးသူက အစိုးရပဲ”ဟု အဆိုပါသတင်းစာဆရာကပြောသည်။
စစ်အစိုးရအနေဖြင့် သာမန်အရပ်သား သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်မှု မပေးနိုင်ရုံမက အစိုးရ၀န်ထမ်း အငြိမ်းစားသက်ကြီးရွယ်အိုများ၏နောက်ဆုံးဘ၀နေ၀င်ချိန်များကိုပင် အာမခံချက် မပေးနိုင်ဘဲ ခက်ခဲပင်ပန်း ဆင်းရဲစွာကုန်ဆုံးစေသည့်အခြေအနေတွင် ရှိကြောင်း အငြိမ်းစားဝန်ထမ်းများ ကပြောသည်။
“အဘက စက်မှု ၁ အထည်အလိပ်စက်ရုံမှာလုပ်ခဲ့တာ၊ ၁၉၉၂ ခုနစ်မှာဆေးလက်မှတ်နဲ့ အငြိမ်းစားယူတယ်၊ အဘအခု တလကို ပင်စင်လစာ တလ ၇၆၈ ကျပ်ရတယ်”ဟု လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတခုတွင် ညစောင့် လုံခြုံရေးဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၇၀ ကျော်အရွယ် အဘိုးအိုတဦးကပြောပြသည်။
တပ်မတော်လေတွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၆၃ နှစ်အရွယ် အငြိမ်းစားအရာရှိ တဦးကလည်း သာမန်အောက်ခြေအဆင့် အစိုးရ၀န်ထမ်းများ သက်ပြည့်အငြိမ်းစားယူရသောအခါ စားဝတ် နေရေးအလွန်ကြပ်တည်းပြီး အေးချမ်းစွာအနားမယူနိုင်ဘဲ ရရာအလုပ်လုပ်ကိုင်ရလေ့ရှိကြောင်း ပြောပြသည်။
“အောက်ခြေအစိုးရ၀န်ထမ်းတွေက တာဝန်ထမ်းဆောင်ချိန်တုန်းကလည်း စားဝတ်နေရေး အရမ်းကြပ်တည်း ခဲ့တယ်၊ ဒါပေမယ့် ၀န်ထမ်းဖြစ်နေတုန်းကတော့လိုတဲ့ငွေ ဟိုကလှည့်၊ ဒီကလှည့်နဲ့ အဆင်ပြေအောင် ဖန်တီး လို့ရသေးတယ်၊ အငြိမ်းစားယူတဲ့ အချိန်ကျတော့ ငွေဝင်ပေါက်မရှိတော့ မဖြစ်မနေ အလုပ်ထွက်လုပ်ကိုလုပ်ရ တယ်”ဟုအဆိုပါ အငြိမ်းစားအရာရှိကပြောသည်။

တပ်မတော်တွင် နှစ်ပေါင်း ၆၀ နီးပါးတာဝန်ထမ်းဆောင်ပြီး အရာခံဗိုလ်ဖြစ်ခဲ့သည့် တိုင်အောင် အငြိမ်းစားယူ သောအခါ ပင်စင်လစာ တလ ၇၀၀၀ ကျပ် သာရရှိကြောင်း ၄င်းကဆိုပါသည်။
“တလ ၇၀၀၀ ဘယ်လိုမှမလောက်ဘူး၊ ၇၀၀၀ ဆိုတဲ့ ငွေက ဒီခေတ်မှာ ဘာဆိုဘာမှ မဟုတ်တော့ဘူး” ဟု ထိုတပ်မတော်အငြိမ်းစားအရာရှိက ညည်းတွားသည်။
စစ်အစိုးရအနေဖြင့် သာမန်အရပ်သားသက်ကြီးရွယ်အိုများနှင့် အစိုးရ၀န်ထမ်း အငြိမ်းစားဇရာအရွယ်ရောက် အဘိုးအဘွားများကိုအမှန်တကယ် ပြုစုစောင့်ရှောက်ရန် ပျက်ကွက်နေသော်ငြား အဘိုးအဘွားများ အရေး ဆောင်ရွက်နေကြောင်း နှုတ်ကတိပေး ဟန်လုပ်ပြောကြားမှု ရှိနေပါသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်က မြန်မာတနိုင်ငံလုံးရှိ အဘိုးအဘွားများကို အိမ်တိုင်ရာရောက်ပြုစုရှောက်ပြီး ကူညီ မည်ဖြစ်ကြောင်း၊ ထိုသို့ကူညီခြင်းကို ကုလသမဂ္ဂနှင့်အတူ ရေရှည်စီမံကိန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကတိပေးပြောကြားသည်။
“ဘိုးဘွားတွေထဲမှာ ဆင်းရဲတဲ့သူတွေ၊ အထီးကျန်တဲ့သူတွေ၊ ၀င်ငွေပုံမှန်မရှိတဲ့သူတွေ စတဲ့သက်ကြီးရွယ်အိုတွေ ကို အဓိကဦးစားပေးအနေနဲ့ ကူညီစောင့်ရှောက်သွားမှာဖြစ်တယ်”ဟု ဦးအောင်ထွန်းခိုင်က ပြည်တွင်းအပတ်စဉ် ထုတ် ဂျာနယ်တခုတွင်ပြောကြားသည်။
အစိုးရ၏ပျက်ကွက်နေသော သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို မြန်မာပြည်သူလူထု တရပ်လုံးအနေနှင့် တာဝန်ယူပူးပေါင်းဆောင်ရွက်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် တဦးက သုံးသပ်သည်။
“တာဝန်အရှိဆုံးအစိုးရတောင် ဘာမှမလုပ်ဘူး၊ ကျူပ်တို့ပြည်သူက ဘာအရေးစိုက်စရာလိုသလဲဆိုပြီး အဘိုး အဘွား တွေကို ပစ်ထားလိုက်မယ်ဆိုရင် ဒီဘိုးဘွားတွေရဲ့ဘ၀ဆည်းဆာချိန်တွေက လမ်းတွေပေါ်မှာဖြစ်သလို ကုန်ဆုံးသွားမှာပါ၊ ပြည်သူတဦးချင်းစီကအစ အားလုံးဝိုင်း လုပ်ကြဖို့အရေးကြီးတယ်”ဟု ထိုသတင်းသမားက ပြောဆိုသည်။
ပြည်တွင်းNGO တခုမှ စာရေးဆရာမတဦးကမူ ပြည်သူများအချင်းချင်းစုပေါင်းစနစ်ဖြင့် တနိုင်တပိုင် ဘိုးဘွား ရိပ်သာလေးများ ထူထောင်သင့်ကြောင်း အကြံပြုသည်။
“တတ်နိုင်သလောက် ရှိတဲ့အင်အားလေးနဲ့ ၀ိုင်းလုပ်ကြမယ်ဆိုရင် ဘိုးဘွားတွေအတွက် အများကြီးကောင်း လာမယ်”ဟု ၄င်းကပြောသည်။
စစ်အစိုးရ လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်၏အဆိုအရ မြန်မာ တနိုင်ငံလုံးတွင် ဘိုးဘွားရိပ်သာ ၅၉ ခုရှိပြီး ထိုဘိုးဘွားရိပ်သာများတွင် ပြုစုစောင့်ရှောက်ထားသည့် အဘိုးအဘွားအရေအတွက်မှာ ၂၀၀၀ ကျော်သာရှိကြောင်း သိရှိရသည်။

 

Yangon Net မှ ကူးယူဖေါ်ပြသည်

 

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Welcome to Myo Chit's Live Entertainment.
It's on every Friday @ 6:00PM (PST)
Internet Explorer is required.
Now you can also listen to it by clicking HERE
Be sure to adjust the volume level to your comfort.
Please enjoy & invite others to join us too.

Thank you so much for your visit & see you again soon!

M.C

မျိုးချစ်မြန်မာ ရဲ့ Live Entertainment ကို
အမေရိကန်အနောက်ဘက် စံတော်ချိန် သောကြာနေ့ ည ၆ နာရီ တိုင်း
ဒီနေရာ လေးကနေလဲ တိုက်ရိုက် နားသောတဆင်နိုင်ပါပြီ
Internet Explorer နဲ့ ဖွင့်မှ အသံကြားရမှာဖြစ်ပါတယ်
အသံကို အတိုးအကျယ် လိုသလိုထားနိုင်ပါတယ်

ခုလိုလာရောက်အားပေးတဲ့အတွက် အထူးကျေးဇူးပါ
သင့်မိတ်ဆွေများကိုလဲ အတူလာရောက် ခံစားဖို့ ဖိတ်ခေါ်ပေးပါဦးနော်
နောက်အပါတ်တွေလဲ တွေ့ကြတာပေါ့

မျိုးချစ်မြန်မာ

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ခိုးပြီး On Line တက်ရတဲ့သူတွေ ကိုယ်ဖျောက်ချင်ရင်

အလုပ်ကနေဖြစ်ဖြစ် အင်တာနက်ကဖေးကနေဖြစ်ဖြစ်
Internet ကိုခိုးပြီးသုံးနေရတဲ့သူတွေ
ကိုယ်ဘယ်ဆိုက်တွေ တက်နေတယ် ဆိုတာကို
ထောက်လှန်းရေးတွေ IT Department ကလူတွေမသိအောင်
ဒီ Software လေးက ကိုယ်ဖျောက်ပေးနိုင်ပါတယ်

Click HERE to get it for PC
Click HERE to get it for MAC.

ပြီးရင် အရင်က သွားလို့မရတဲ့ Site တော်တော်များများလဲ
အတားအဆီးမရှိ ပွင့်သွားပါလိမ့်မယ်။

ဥာဏ်ရှိသလို အသုံးပြုကြပါ

မျိုးချစ်

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

မဂ္ဂဇင်းများ

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

ပရဟိတ အဖွဲ့အစည်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ