| သူတို့ပြောတဲ့ (၂၀၀၈) အခြေခံဥပဒေနဲ့ ၂၀၁၀ရွေးကောက်ပွဲရဲ့ သရုပ်မှန် |
|
|
|
| စာပေ - နိုင်ငံရေး | |||
| Written by မျိုးချစ် | |||
| Saturday, 31 July 2010 09:13 | |||
|
ရေးသားသူ - တူမောင်ညို Please click on READ MORE to read this articleသူတို့ပြောတဲ့ (၂၀၀၈) အခြေခံဥပဒေနဲ့ ၂၀၁၀ရွေးကောက်ပွဲရဲ့ သရုပ်မှန်
(တူမောင်ညို )
(၂၀၁၀ ဇူလိုင် ၂၉ ရက်)
“၂၀၁၀ ရွေးကောက်ပွဲဟာအဓိကပန်းတိုင်မဟုတ်ဘူး” ၊ ရွေးကောက်ပွဲနည်းနဲ့ စနစ်တစ်ခုကိုတိုက်ဖျက်နေတာသာဖြစ်ပါတယ်” လို့ ပြည်တွင်းမှာ သူတို့ နဖူးတွေ့ဒူးတွေ့ကြုံနေရတာတွေကိုပဲ အသိအမှတ်ပြီးပြောတာလား/ ဝန်ခံချက်ပေးတာလား /ရင်ဖွင့်တာလားတော့ မပြော တတ်ပါ။ မှတ်ပုံတင်ပါတီတစ်ခုက နိုင်ငံရေးသမားတဖြစ်လည်း ကဗျာဆရာ/ စာရေးဆရာလေး တစ်ဦး ရဲ့“ထွေရာလေးပါး” ဆိုတာထဲမှာ ဖတ်လိုက်ရပါတယ်။
မေးခွန်းလေးတွေပဲ မေးချင်တာပါ။
အဓိကပန်းတိုင်မဟုတ်ဘဲ ဘာကြောင့်များဦးတည်သွားနေရတာလဲ။
ရွေးကောက်ပွဲနည်းနဲ့တိုက်ဖျက်နေတဲ့ “စနစ်” တစ်ခုဆိုတာ ဘယ်လိုစနစ်မျိုးလဲ။
စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်နေတာလို့ပြောချင်တာလား။“ပြောချင်တာကိုပြောခွင့်မရရင်နေ၊မပြောရဲတာတော့လုံးဝမပြောဘူး” ဆိုတာမျိုးလား။ စိတ်ကူးမယဉ်ကြေး ပြောကြရအောင်။
ရွေးကောက်ပွဲကော်မရှင်မှာ“တည်ထောင်ခွင့်/ဆက်လက်တည်ထောင်ခွင့်”စတင်လျှောက်ထားကတည်းကနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ပုဒ်မ (၆) ကို ဝန်ခံချက်လက်မှတ်ရေးထိုးထားခဲ့ရတယ်မဟုတ်ပါလား။
အဲဒီလို ဝန်ခံချက်လက်မှတ်ထိုးရကတည်းက “စစ်ဦးစီးချုပ်ကရွေးချယ်စေလွှတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပြည်သူတွေကရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်နှစ်ရပ်ပူးပေါင်း အုပ်ချုပ်တဲ့ ဒီမိုကရေစီ အစိုးရစနစ်”ဆိုတဲ့ စနစ်တစ်ခုကို ခင်ဗျားတို့ လက်ခံထားရပြီမဟုတ်ပါလား။
ကိုယ်မကြိုက်နှစ်သက်တဲ့ စနစ်တစ်ခုကို အရင်လက်ခံပြီးမှ ပြန်လည်တိုက်ဖျက်တယ်ဆိုတဲ့ လုပ်နည်းလုပ်ဟန်ကတော့အများ နဲ့ မတူတဲ့ ပို့စ်မော်ဒန်လုပ်ဟန်တစ်ခုများလား။
၂၉ ဇူလိုင် မြန်မာ့အလင်းသတင်းစာထဲမှာ “၂၀၁၀ ရွေးကောက်ပွဲရဲ့သရုပ်မှန်နဲ့ ပြည်သူ့တာဝန်” ဆိုတဲ့ခေါင်းစဉ်နဲ့ “ကျော်မြင့်နိုင်” ဆိုသူက ဆောင်းပါးရေးထားတယ်။
ကျော်မြင့်နိုင် ဆိုသူရဲ့ သရုပ်မှန်ကဘာလဲ။
သူ့သရုပ်မှန်ကို သူ့အရေးအသားတွေထဲကပဲကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။
- “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နဲ့ ၂၀၁၀ရွေးကောက်ပွဲတို့ဟာ မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးရှေ့ခရီးမှာ ပထမ တာထွက် ခြေလှမ်းလည်းဖြစ်ပါတယ်”
- “စစ်အစိုးရအသွင်ဖြင့် ဆက်လက်အုပ်ချုပ်နေရန် မသင့်တော်တဲ့အနေအထား”
-“ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရတဲ့ပါတီကို လက်လွတ်စပယ်အာဏာလွှဲပေးလိုက်ခြင်း အားဖြင့် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးချိန်နဲ့ မရှေးမနှောင်း ရောင်စုံသောင်းကျန်းမှု ဖြစ်ပေါ်ခဲ့တဲ့ အနေအထားမျိုးသို့ ပြန်လည်ဆိုက်ရောက်မသွားနိုင်ဖို့ အာမခံချက်မရှိသေးတဲ့ တိုင်းပြည်အနေအထား”
- “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) မှာ တပ်မတော်မှရွေးချယ်စေလွှတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် လူထုက ရွေးချယ်တဲ့ လူထုကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းတို့ အမျိုးသားနိုင်ငံရေးမှာ ပူးတွဲရှေ့ဆောင်သွားနိုင်ရေး ဆောင်ရွက်တာဖြစ်တယ်”
- “နောက်ပြန်လန်မကျပဲ ငြိမ်းချမ်းစွာဒီမိုကရေစီဖြစ်ပေါ်လာရေးမှာ ၂၀၁၀ ရွေးကောက်ပွဲအောင်မြင်ရေးဟာ အဓိကဖြစ်တဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူပြည်သူအားလုံးကမပျက်မကွက်မဲပေးကြရေးဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးလိုလားတဲ့ ပြည်သူတိုင်းရဲ့တာဝန်သာဖြစ် တယ်” ဆိုတာပါပဲ။
သူပြောတာကိုချုပ်လိုက်တော့
“စစ်အစိုးရအနေနဲ့ဆက်အုပ်ချုပ်လို့ မဖြစ်တော့ဘူး။ ဒါကြောင့် စိတ်ကြိုက်အခြေခံဥပဒေရေးထားတယ်။ ဒီအခြေခံဥပဒေ အသက် ဝင်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပရမယ်၊ ရွေးကောက်ပွဲမှာ ပြည်သူတွေက မပျက်မကွက်မဲပေးကြပါ။ ရွေးကောက်ပွဲပြီးလည်းအနိုင်ရပါတီ ကို အာဏာလွှဲမပေးနိုင်ဘူး”ဆိုတာပါပဲ။
သူ့ထက်သရုပ်မှန်တာတောင် သူ့လောက်သရုပ်မမှန်ဘူးလို့ပဲပြောရပါတော့မယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀ဂ)ကိုလက်ခံ/၂၀၁၀ ရွေးကောက်ပွဲ မှာ မဲပေးကြတဲ့။
နှစ်ပေါင်း ၂၂ကျော်ကြာ (နဝတ-နအဖ)စစ်အစိုးရက အကြမ်းဖိနှိပ်အုပ်စိုးခဲ့တာတောင် တိုင်းပြည်အခြေအနေက “၁၉၄၈-၄၉ အနေ အထား” သို့ ပြန်ရောက်သွားနိုင်တယ်၊ အာမခံချက်မရှိသေးဘူးလို့ ဝန်ခံထားတယ်။
တပ်မတော်အစိုးရအုပ်ချုပ်ရေးမှ စစ်ဦးစီးချုပ်က ရွေးချယ်စေလွှတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပြည်သူတွေ ကရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်နှစ်ရပ်ပူးပေါင်း အုပ်ချုပ်တဲ့ ဒီမိုကရေစီအစိုးရစနစ် အတွက်ရေးဆွဲထားတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀ဂ) နဲ့ မကြာမီကျင်းပပေးတော့မည့် ၂၀၁၀ ရွေးကောက်ပွဲတို့ဟာစစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးဖြစ်တယ်လို့ ဝေဖန်ဆန့်ကျင်နေကြတယ်ဆိုတာအမှန်ပင်ဖြစ်ပါကြောင်း” ကျနော်တို့ကလည်ုးရဲရင့်တည်ကြည်စွာ ဝန်ခံလိုက် ပါတယ်။
|