Lightning Talk သို့ ဖိတ်ခေါ်ခြင်း Print
Monday, 08 February 2010 15:16

နေ့ရက် ။ ။ ယခုလ ၁၃ ရက်နေ့ (စနေနေ့)
နေရာ ။ ။ Myanmar Info-Park (Room 205)
အချိန် ။ ။ နံနက် (၈)နာရီခွဲ မှ နေ့လည် (၃)နာရီအထိ

အစီအစဉ် အသေးစိတ်...

နံနက် (၈)နာရီခွဲမှ (၉)နာရီခွဲ ။ ။ Introduction to Opensource

Opensource ဆိုသည်မှာအဘယ်နည်း။ Opensource ၏ အကျိုးအပြစ်များ။ Opensource ၏ ရည်ရွယ်ချက်။ Opensource Business Model စသည်တို့အား ၀ါရင့် Opensource ကျွမ်းကျင်ပညာရှင်တစ်ဦးမှ ဟောပြောမည်ဖြစ်ပါသည်။

ရည်ရွယ်ချက်မှာ Opensource နှင့် ရင်းနှီးချင်းမရှိသည့် လူငယ်များ၊ Opensource နှင့်ပက်သက်ပြီး ရှိနေသည့် ၀ိရောဓိများအား ရှင်းလင်းစေရန်၊ Opensource ၏ တန်ဖိုးအမှန်ကို သိရှိစေရန်တို့ ဖြစ်ပါသည်။

နံနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲ ။ ။ Demonstration

Ubuntu Linux OS အား USB Flash Drive တစ်ခုမှ လက်တွေ့ Boot လုပ်ပြခြင်း၊  နေ့စဉ် ကွန်ပြူတာအသုံးပြုမှုအား Linux ဖြင့်လည်း ၁၀၀% ဆောင်ရွက်နိုင်ကြောင်း လက်တွေ့ပြသခြင်းနှင့် အခြား စိတ်ဝင်စားဖွယ်များကို လက်တွေ့ ပြသမည်ဖြစ်ပါသည်။

နံနက် (၁၀)နာရီခွဲမှ (၁၁)နာရီ ။ ။ Short Break

နေ့လည် (၁၁)နာရီမှ (၁၂)နာရီ ။ ။ Lightning Talk

တက်ရောက်လာသည့်သူများမှ Opensource နှင့်ပက်သက်သည့် မိမိတို့၏အမြင်များ၊ အတွေ့အကြုံများကို ပြောဆို ဖလှယ်ကြမည့်အစီအစဉ်ဖြစ်ပါသည်။ ပထမပိုင်းတွင်းပြောကြားသွားသည့် Opensource အကြောင်းနှင့်၊ ပြသခဲ့သည့် လက်တွေ့လုပ်ဆောင်ချက်များအပေါ် အမြင်များကိုလည်း ထပ်ဆင့် ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ ဤ Lightning Talk အစီအစဉ်တွင်း တစ်ဦးလျှင် (5-10) မိနစ်ခန့် ပြောဆိုရန် အခွင့်အရေးရမည်ဖြစ်ပြီး ပြောဆိုလိုသူများ၊ အကြောင်းအရာခေါင်းစဉ်နှင့်အတူ ဤနေရာတွင် စာရင်းပေးနိုင်ပါသည်။

နေ့လည် (၁၂)နာရီမှ (၁)နာရီ ။ ။ Hang On Session

တက်ရောက်လာသူများ စမ်းသပ်အသုံးပြုနိုင်စေရန် အသင့် Install လုပ်ထားသည့် Linux PC များ ထားရှိပေးမည်ဖြစ်ပြီး လက်တွေ့စမ်းသပ် အသုံးပြုနိုင်မည်ဖြစ်သည်။ ဤအချိန်တွင် ရှိလာသည့် အခက်အခဲများကိုလည်း အတူတကွ ၀ိုင်းဝန်းဖြေရှင်းကြမည်ဖြစ်ပါသည်။

နေ့လည် (၁)နာရီ မှ (၂)နာရီ ။ ။ Open Discussion

တက်ရောက်လာသူများမှ မိမိတို့၏ အမြင်များကို Member Gathering မှာကဲ့သို့ပင် လွပ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်မည့် အချိန်ဖြစ်ပါသည်။

နေ့လည် (၂)နာရီ မှ (၃)နာရီ ။ ။ Forum

အနာဂတ်တွင် အချိန်မှန် (ဥပမာ။ ။ လေးလတစ်ကြိမ်) ကျင်းပမည့် Event များတွင် ပါဝင်ကူညီလိုသူများမှ၊ ရှေ့တွင် ဆောင်ရွက်မည့် အစီအစဉ်များ၊ နောက်ပိုင်းတွင် ဆက်လုပ်ပြုလုပ်သင့်သည့် Event များကို တိုင်ပင်ဆွေးနွေးပြီး နောင်တွင် ဤကဲ့သို့သော Event များကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည်ဖြစ်ပါသည်။

အခြား အချက်အလက်များ။

၁.) မုန့်ကျွေးပါမည်။
၂.) MITP T-Shirt ပေးပါမည်။
၃.) ကို Jake မှာ Ubuntu တံဆိပ် ရိုက်နှိပ်ထားသည့် ဘောပင် များနှင့် စတေကာများ ဝေငှပါမည်။
၎.) ကို Jake မှပင် Demonstration တွင် ပြသထားသည့် Ubuntu Linux Install လုပ်ထားသည့် USB Flash ကို မဲဖောက်ပေးမည် ဖြစ်ပါသည်။
၅.) MITP မှ ကြီးမှုးကျင်းပသည့် Event ဖြစ်ပါသည်။

တက်ရောက်မည့် လူအင်အား ခန့်မှန်းလိုပါသဖြင့် တက်ရောက်မည့်သူများ ဤနေရာတွင် စာရင်းပေးကြရန် မေတ္တာရပ်ခံပါသည်။

Lightning Talk အစီအစဉ်တွင် ပြောဆိုလိုသူ အမည်နှင့် ပြောဆိုလိုသည့် ခေါင်းစဉ်များကိုလည်း ကြိုတင် အသိပေးကြစေလိုပါသည်။

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

security code
Write the displayed characters


busy