Home အင်တာဗျူး လူမှူရေး
လူမှူရေး
ယုံကြည်ချက် ခိုင်မာရမယ် (VOA) PDF Print E-mail
အင်တာဗျူး - လူမှူရေး
Written by မျိုးချစ်   
Thursday, 31 December 2009 12:30

" ယုံကြည်ချက် ခိုင်မာရမယ် "

" မေသင်္ကြန် "

မူရင်းအသံရယူရန်

Last Updated ( Thursday, 31 December 2009 12:59 )
 
ကျော်သူ့ကိုစစ်အုပ်စုက အမှုရှာ ဖမ်းဖို့ ပြင်နေသလား PDF Print E-mail
အင်တာဗျူး - လူမှူရေး
Written by မျိုးချစ်   
Tuesday, 03 November 2009 10:13
 
အနာဂတ်ကို ထိန်းသိမ်းခြင်း PDF Print E-mail
အင်တာဗျူး - လူမှူရေး
Written by မျိုးချစ်   
Tuesday, 20 October 2009 02:59
Friday, 16 October 2009 | ဖြူဖြူသင်း & ဧရာဝတီ 

ကျမတို့ တိုင်းပြည်ကို HIV/Aids ရောဂါဆိုး တိတ်တဆိတ် ဝင်ရောက်လာတာဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပါတယ်။ စတင် ဖြစ်ပွားစဉ်ကတော့ နိုင်ငံခြား သဘောင်္သား တယောက်က စဖြစ်တယ်လို့ ဆိုပါတယ်။

 

 

 

 

 

 

 

  မဖြူဖြူသင်း (ဓာတ်ပုံ - အေအက်ဖ်ပီ)

၁၉၉ဝ နောက်ပိုင်းမှာ သဘောင်္သားရောဂါ ဆိုပြီး ခေါ်ကြပါတယ်။ အဲ့ဒီက တဆင့် ၁၉၉၄-၉၅ လောက် ရောက်တော့ ဒီရောဂါဟာ လိင်တူ ဆက်ဆံသူတွေ အဖြစ်များလာပါတယ်။ အဲ့ဒီအချိန်ကျတော့ ဒီရောဂါကို အခြောက်ရောဂါ ဆိုပြီး ထပ်မံ ကင်ပွန်းတပ်ပါတယ်။

ကျောင်းမှာ ဒီရောဂါအကြောင်းသင်နေရပေမယ့် သင်တဲ့ဆရာကလည်း အလေးနက်မရှိ၊ အပွင့်လင်းဆုံး ပြောရ မယ်ဆိုရင် ကျမတို့ကိုယ်တိုင်လည်း စိတ်မဝင်စားခဲ့ပါဘူး။ ၁၉၉၆ ကျမကျောင်းပြီးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကိုရောက်တော့လည်း တခြားသော လူမှုရေး လုပ်ငန်းတွေကိုသာ လုပ်ဖြစ်ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်လို့ သိပ်မသိခဲ့ပါဘူး။

လူငယ်ထုကြားထဲမှာတော့ လေးလုံးရောဂါ၊ လေးလုံးရောဂါ ဆိုပြီးတော့ အတော်လေးတော့ အပြောများလာပါ တယ်။ အစိုးရကလည်း ကုရာနတ္ထိဆေးမရှိဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေကို လမ်းဆုံလမ်းခွတွေမှာ လိုက်တင်ပါတယ်။ ပြည်သူလူထုကလည်း အတော်လေး အထိတ်တလန့် ဖြစ်ကုန်ပါတယ်။

အခြေအနေတွေကတော့ အတော်ဆိုးဝါးလာပြီ ဖြစ်ပါတယ်။ မူးယစ်ဆေးသုံး လူငယ်များ၊ ပြည့်တန်ဆာများ အားလုံးကို သွေးစစ်ပေးမယ့် အစီအစဉ်မျိုးလည်း အစိုးရမှာ ရှိပုံမပေါ်ပါဘူး။ သူ့အုပ်ချုပ်ရေးယန္တရား ခိုင်မြဲရေး တခုသာ ကြည့်ပြီးတော့ ကျန်းမာရေးကိစ္စကို လှည့်တောင်မကြည့်သလို ဖြစ်နေပါတယ်။

ဒီလို ဖြစ်သလိုသွားနေရင်းနဲ့ လူအတော်များများကလည်း သေကုန်ပါတယ်။ ကျမတို့ ပတ်ဝန်းကျင် အနီးနားက လူငယ်တွေ၊ လူလတ်တွေ ပိန်လှီပြီး သေကုန်တာမျိုးပါ။ မေးကြည့်လိုက်ရင် တီဘီကျွမ်းတယ်၊ ငှက်ဖျားပိုး ခေါင်း ထဲရောက်တယ် ပြောပါတယ်၊ ဒါကတော့ ကျမ ပတ်ဝန်းကျင် ကွက်ကွက်ကလေးက အခြေအနေပါ။ တတိုင်း ပြည်လုံးအခြေနေက ဘယ်လောက်ဆိုးဝါးနေပြီလဲ ဆိုတာတော့ သိပ်ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။

ဒီလိုအခြေနေဆိုး ကြားထဲမှာပဲ ၂ဝဝ၂ ခု မေလခြောက်ရက်နေ့မှာ နေအိမ်အကျယ်ချုပ် ခံထားရတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပါတယ်။

စစ်အစိုးရကလည်း သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်ပြီဆိုတဲ့ စကားလုံးလှလှလေး သုံးပြီးကမ္ဘာကို ရုတ် တရက် ဖမ်းစားလိုက်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ အခြေခံပညာရေး၊  ကျန်းမာရေး၊ စီးပွားရေး အစရှိ တာတွေကတော့ ဘယ်ခေတ်ကနဲ့မှ နှိုင်းမရအောင် ဆိုးဝါး ဆုတ်ယုတ်နေတာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ပါ။ “HIV ပိုးကို ထိန်းချုပ်ခြင်းသည် ကျမ တို့အနာဂတ်ကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်” လို့ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၈ တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ ကျင်းပပြုလုပ်တဲ့ ခုခံအား ကျဆင်းမှုဆိုင်ရာ ညီလာခံကြီးအတွက် ပေးပို့တဲ့မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

အာဏာပိုင်တွေက ကျန်းမာရေးလုပ်ငန်းတွေကို ဦးစားမပေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည် အတွက် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို စတင် လုပ်ဆောင်ပါတယ်။ အဲ့ဒီထဲမှာမှ ကျမတို့ လူငယ် ၁၉ ဦး စိစစ် ရွေးချယ်ပြီး UNDP ရုံးမှာ HIV ကာကွယ်တားဆီးရေးနဲ့ ပြုစုစောင့်ရှောက်ရေး သင်တန်း တက်ရောက်ဖို့ ပို့လွှတ် တာလည်း တခုပါဝင်ပါတယ်။

သင်တန်းကာလပြီးချိန်မှာတော့ ကျမတို့ လူငယ် ၁၉ ဦးစလုံး တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြပါတယ်။ အဖွဲ့ချုပ် ရုံးမှာလုပ်တဲ့ ပညာပေး ဟောပြောပွဲတခု အမေရိကန်ပြည်ထောင်စုက ရောဂါဝေဒနာ ခံစားနေရသူ တယောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျမ အတူတူ ဟောပြောကြပါတယ်။ အဲ့ဒီအချိန်ကစပြီး ဒီရောဂါဆိုးကြီး စွဲကပ်ခံနေရ သူတွေနဲ့ ကျမတို့ အဖွဲ့ချုပ်ဝင်တွေကြားမှာ လုံးထွေးပြီး လုပ်ကိုင်နေတာ ဒီနေ့ထက်တိုင်ပဲ ဖြစ်ပါတယ်။

ဒီအလုပ်ကိုလုပ်လို့ တခြား NGO တွေလို ငွေကြေး မရပါဘူး။ ဒီလောက်ကြီးကျယ်တဲ့ အလုပ်ကို လုပ်ကိုင်နေရ ပေမယ့် ရန်ပုံငွေလည်း ခုထက်ထိ မရှိပါဘူး။ အလျဉ်းသင့်သလို လုပ်ကိုင်ဆောင်ရွက်နေတာပါ။ ဒီတော့ ကျမတို့ အဖွဲ့လုပ်ကိုင်နေတာကိုကြည့်ရင် စည်းစနစ်တကျမရှိ ဆိုသလိုဖြစ်နေမှာပါ။

တဘက်မှာ အာဏာပိုင်တွေကလည်း အစဉ်တစိုက် ဒုက္ခပေးဖို့ စောင့်ကြည့်နေပါတယ်။ ဒီအကြောင်းချက်တွေကို တော်ရုံ လွတ်လပ်တဲ့နိုင်ငံက လူတွေ နားလည်မယ် မထင်ပါဘူး။ လူငယ်တွေဟာ ငွေကြေး တပြားတချပ်မှ မရ တာ ကြာလာတော့ သိပ်မလုပ်နိုင်တော့ပါဘူး။ ၂ဝဝ၃ ခုနှစ် နောက်ပိုင်းကျတော့ ကျမရယ်၊ အစ်မလို ခင်မင်ရတဲ့ မခင်ထားရီရယ် မိန်းမသား နှစ်ဦးတည်း လုပ်ကိုင် ဆောင်ရွက်ရပါတော့တယ်။

ကျမတို့မှာ စတင် လုပ်ကိုင်စဉ်ကတည်းက ငွေကြေး ရန်ပုံငွေကလည်း မရှိ။ မိန်းမသားနှစ်ဦးတည်းလည်း ဖြစ်ပြန် ဆိုတော့ အစစ အရာရာဟာ စိတ်မချစရာနဲ့ စိုးရိမ် ပူပန်စရာ ဖြစ်နေတာပါ။ မှတ်မှတ်ရရ ကျမတို့ကို စတင် လာ ရောက် ဆက်သွယ်တဲ့ လူနာဟာ အာဏာပိုင်တွေဘက်က ရဲဝန်ထမ်းတဦး ဖြစ်နေတာပါ။ သူ့ကို စတင်ပြီး ကူညီ ဆောင်ရွက်ပေးခဲ့တာ ခုဆို လူနာ ၂ဝဝဝ ကျော်သွားပါပြီ။

ကံမကောင်း အကြောင်းမလှလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ လူနာတွေကလည်း အများကြီးပါပဲ။ နောက်ပိုင်းမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ လူနာတွေအကြောင်း ရေးသားပါဦးမယ်။

နည်းမှန်လမ်းမှန်နဲ့ ကျမတို့ဆီရောက်ရှိလာတဲ့ လူအတော်များများကိုတော့ အေအာဗွီဆေး အကူအညီ၊ ကျမတို့ရဲ့  အားပေးမှုတို့နဲ့ အသက်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒီရောဂါ တိုက်ဖျက်ရေးအတွက် ခုချိန်မှာ ကျမကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ တိုက်ဖျက်နေပါတယ်။ အကယ်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတော့ လမ်းညွန်၊ ဦးဆောင်မှုပေးမယ်ဆိုရင် ဒီရောဂါဆိုးတိုက်ဖျက်ရေး ပိုမိုအားကောင်းလာမှာ မုချပါ။

ဒီရောဂါ အမြစ်ပြတ်ဆေး မပေါ်သေးသရွေ့ ကျမကတော့ HIV/Aids ကာကွယ်တားဆီးရေး၊ လူနာတွေကို ပြုစု စောင့်ရှောက်ရေးတွေ ဆောင်ရွက်ပေးနေမှာ ဖြစ်ပြီးတော့ ပြည်သူအားလုံးလည်း ကျန်းမာရေး သတိရှိရှိနဲ့ ဒီရောဂါ ဆိုးကြီး တိုက်ဖျက်ရေးမှာ အဖွဲ့တဖွဲ့နဲ့ ပူးပေါင်းလို့ဖြစ်စေ၊ တဦးချင်းဖြစ်စေ ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။

အစောပိုင်းမှာ အထက်က တင်ပြခဲ့သလို ကျမတို့မှာ နည်းလမ်းလည်းမသိ ဆေးဝါးလည်းမသိ ယောင်ဝါးဝါး လျှောက်လှမ်းရတာပါ။ ဒီတော့ လူနာတွေအိမ်တွေကို လိုက်ပြီး ပြုစုကုသပေးတာ အဝတ်လျှော်၊ ကြမ်းတိုက်၊ ထမင်းဟင်းချက်ပြုတ် ကျွေးမွေးတာတွေကို လိုက်လုပ်ပေးရုံက လွဲပြီး တခြားသော ဆေးဝါးကိစ္စတွေ မလုပ်ကိုင် နိုင်ဘူး ဖြစ်နေလေတော့ အစောပိုင်းလူနာတွေဟာ စိတ်ပိုင်းဆိုင်ရာ မြင့်တက်လာပေမယ့် ကိုယ်ခန္ဓာက မလိုက် နိုင်ဖြစ်ပြီး သေဆုံးကုန်ပါတယ်။

စလုပ်ကိုင်စဉ် အခက်အခဲ တခုကတော့ ကာယကံရှင်ကလက်ခံပါရဲ့ မိသားစုက လက်မခံဘဲ ကျမတို့ကို ဆဲဆို မောင်းထုတ်တာမျိုး လုပ်ပါတယ်။ တချို့ကျတော့လည်း မိသားစုကသိပြီး စိုးရိမ်၊ ကာယကံရှင်က လက်မခံတာ မျိုးတွေ အများကြီး ကြုံတွေ့ရပါတယ်။

ဒီရောဂါဟာ အကျင့်ပျက်လို့ဖြစ်တာ၊ စာရိတ္တချွတ်ယွင်းလို့ဖြစ်တာ ဆိုပြီး တလွဲအယူတွေ ရှိနေတာပါ။ အစိုးရက လည်း ကုရာနတ္ထိဆေးမရှိလို့ ပြောလိုပြော၊ ဘေးပတ်ဝန်းကျင်ကလည်း ဒီရောဂါဖြစ်ရင် ခြောက်လပဲ ခံတော့မယ်၊ သေမယ်၊ ဆေးရုံတင်လို့လည်း မဖြစ်ဘူး၊ ဆေးရုံက ဆေးထိုးသတ်တယ် ဆိုတာလိုမျိုး သတင်းမှားတွေကလည်း အများကြီး ထွက်နေတာပါ။

ဒီလိုကောလာဟလတွေကြောင့် လူတွေ အတော်များများက သူတို့မှာ ဒီရောဂါလက္ခဏာရှိကြောင်း ပြနေစေဦး တော့ ဒီရောဂါဖြစ်နေတာ မဟုတ်ပါဘူး ဆိုပြီး ခါးခါးသီးသီး ငြင်းဆန်တော့ပါပဲ။ ဒီတော့ ဆင့်ပွားကူးစက်တာတွေ၊ အရက်သေစာ သောက်စားပြီး နေချင်သလို နေလိုက်တာမျိုးတွေ အများကြီး ဖြစ်ကုန်တာပါ။

ကနဦး အစတုန်းက ကုရာနတ္ထိဆေးမရှိလို့ အစိုးရက ပြောမယ်ဆိုလည်း ပြောစရာပါ၊ ကျမတို့နိုင်ငံမှာ အေအာဗီ ဆိုတာ ကြားတောင် မကြားဘူးသေးလို့ပါ။ ရောဂါသည် အများစုက ရောဂါအဆင့်လွန်ပြီးတော့မှ ဝေဘာဂီ ကူးစက် ဆေးရုံရောက်၊ ရောက်ပြန်တော့လည်း ပိုးသတ်ဆေးကအစ ဆေး နဲ့ ဆေးပစ္စည်းမျိုးစုံ ဝယ်ယူရလေ တော့ လူနာ အများစုက အသက် ဆုံးရှုံးရပါတယ်။

အခုကျတော့ အေအာဗီဆေးက အရင်ကထက်စာရင် အများကြီးသက်သာတဲ့ ဈေးတွေနဲ့ ဝယ်သောက်လို့ ရလာ ပါပြီ။ ဒါပေမယ့် ပျောက်စေဆရာတွေ၊ တိုင်းရင်းဆေးယောင်ယောင် ဘီးဇပ်ရွက်လို အရွက်တွေနဲ့ ဒီရောဂါပျောက် တယ်၊ ဒီရောဂါဟာ တနေ့ ခွေးတကောင်စားရင် ပျောက်တယ် ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေကိုတော့ တိုက် ဖျက်ရဦးမှာပါ။

မဖြူဖြူသင်းသည် ပြီးခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှစတင်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ HIV/Aids ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေး နှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် လုပ်ကိုင်နေသူ တဦး ဖြစ်သည်။   

 
သုတစုံလင် အမေရိကန်တစ်ခွင် (VOA) PDF Print E-mail
User Rating: / 2
PoorBest 
အင်တာဗျူး - လူမှူရေး
Written by မျိုးချစ်   
Wednesday, 10 June 2009 04:24

အမေရိကားမှာ စီးပွားရေးကျပ်တည်းနေလို့ ကားလုပ်ငန်းတွေ အခက်အခဲဖြစ်နေရတဲ့အကြောင်းနဲ့ပါတ်သက်ပြီး VOA ကအန်တီဒေါ်ခင်စိုးဝင်း နဲ့ ကျွန်တော် ခဏစကားပြောဖြစ်ခဲ့ပါတယ်

နားဆင်ကြည့်ကြပါခင်ဗျာ

သုတ စုံလင် အမေရိကန်တစ်ခွင် (VOA)

ဒေါ်ခင်စိုးဝင်း(VOA) မေးပြီး မျိုးချစ် ဖြေကြားသည်

Last Updated ( Wednesday, 10 June 2009 10:05 )
 
ဒေါက်တာ စင်သီယာမောင်အား မယ်တော်ဆေးခန်း အနှစ် (၂၀) ပြည့်နှင့်စပ်လျဉ်း၍ မေးမြန်းခြင်း PDF Print E-mail
User Rating: / 1
PoorBest 
အင်တာဗျူး - လူမှူရေး
Monday, 23 February 2009 11:50

ရိုးမ ၃

အနှစ် (၂၀) ကာလအတွင်းမှာ ဒီဆေးခန်းကို ဦးဆောင်နေတဲ့ ဆရာမအနေနဲ့ ဘာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို အရင်ပြောပြပေးပါ။

ကျမတို့လုပ်ဆောင်နိုင်ခဲ့တဲ့ အတိုင်းအတာမှာတော့ အခြေခံအကျဆုံး ပြောမယ်ဆိုရင်တော့ မိခင်တွေ လုံခြုံစိတ်ချရတဲ့ နေရာမှာ ကလေးမွေးဖွားခွင့် ရရှိဖို့တို့၊ နောက်ပြီး အဓိကဖြစ်နေတဲ့ ငှက်ဖျားရေဂါတွေကို ကုသပေးနိုင်တာတွေ၊ နောက်ပြီးတော့ တချိန်တည်းမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ဒီ … စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပေါ့နော် ဒုက္ခိတ ဖြစ်မှုတွေကို ခြေတုလက်တုဌာနတွေက တတ်ဆင်ပေးတာ၊ နောက်တော့ အသက်ကြီးရွယ်အိုတွေ၊ မမြင် မကန်းဖြစ်နေ သူတွေကို မျက်စိအလင်းပြန်ရအောင် လုပ်ပေးနိုင်တာပေါ့နော်၊

ဒါတွေက ကျမတို့ ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေပေါ့၊ တချိန်တည်းမှာပဲ ကျမတို့ လူထုတွေကိုယ်တိုင်ကနေပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုစောင့်ရှောက်ရေး ကိစ္စတွေကို စုစည်းဆောင်ရွက်ခြင်းအားဖြင့် လူမှုအခြေပြု အဖွဲ့အစည်းတွေကနေပြီးတော့ ကျမတို့ကို တတတ်တအားနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုးရေးတွေ၊ နိုင်ငံပြန်လည်တည်ထောင်ရေး တွေမှာ ပါဝင်နိုင်တယ်ဆိုတာကိုလည်း အားလုံးက အသိအမှတ်ပြု လက်ခံလာကြတယ်၊ ယုံကြည်လာ ကြတဲ့ အတွက်ကြောင့် ဒါတွေက ဒီဖြတ်သန်းမှုမှာ အောင်မြင်မှုတခုလို့ ပြောလို့ရပါတယ်။

ဒီအောင်မြင်မှုအပေါ်မှာ အခြေခံပြီးတော့ အနာဂတ်မှာ ဆရာမတို့အနေနဲ့ ဘာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲခင်ဗျား။

 အနာဂတ်ကာလမှာ ဆောင်ရွက်နိုင်ဖို့ကကျတော့ ကျမတို့ တဦးချင်းစီရဲ့ တာဝန်ရှိမှုတွေနဲ့ စုဖွဲ့မှုတွေရဲ့ တန်ဖိုးတွေကို ပိုပြီးတော့ တန်ဖိုးထားလာဖို့၊ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြောင်းလဲမှုမှာ ကျမတို့ နိုင်ငံသားတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်စေ၊ နိုင်ငံတကာနဲ့ဖြစ်စေ၊ တခြားသော တိုင်းရင်းသားအဖွဲ့အစည်း၊ ဒီမိုကရေအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဒါ့ထက်ပိုပြီးတော့ နီးနီးကပ်ကပ်နဲ့ စုစုစည်းစည်း ဆောင်ရွက်နိုင်ဖို့ ကျမတို့ ဆက်လက် ကြိုးစားသွားမှာဖြစ်ပါတယ်။ ( ဆက်ဖတ်ရန် )

 
<< Start < Prev 1 2 Next > End >>

Page 1 of 2

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ