မိဘမဲ့ဘဲဖြစ်ချင်တော့တယ် Print
User Rating: / 0
PoorBest 
သတင်း - ကြားဖြတ် သတင်း
Written by မျိုးချစ်   
Saturday, 21 November 2009 23:56

နိုဝင်ဘာ ၁၉ ရက်နေ့ ည ၇ နာရီချိန်ခန့်တွင် လှည်းကူးမြို့နယ် မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ် ကိုမင်းနိုင်ကို လှည်းကူးရဲ ရကတ/၃၅၇၅၁ တပ်ကြပ်ဝေဖြိုးဦး မှ ရန်ကုန်-ပဲခူးလမ်း ထောက်ကြံ့ ကဆံပင်ညပ်ဆိုင်ရှေ့တွင် NLD က မင်းနိုင်ဆိုတာ မင်းလား ဟုမေးရာ ကိုမင်းနိုင်မှ မင်းတို့က ရဲပဲ သိမှာပေါ့ကွာ ဟုပြန်လည်ပြောဆိုရာတွင် NLD ကို ရဲကရိုက်တယ်ကွာ ဟု ဆိုကာ မျက်နှာကို ဖိနပ်နဲ့ ၆ ချက် ၇ ချက်ခန့် ရိုက်မှု့ဖြစ်ပွားခဲ့သည်။

“ အမှုဖွင့်ထားတယ်
ရိုက်မှု့ဆိုတဲ့အတွက် ဆေးစစ်ချက်သွားယူရတယ် မျက်နှာအရိုက်ခံရတာကို သွေးရော ဆီးရော စစ်တယ်... မူးနေတယ်လို့ ပြန်ဂွင်ဆင်နိုင်တယ်
ရိုက်တဲ့ ရဲက မူးနေတယ်လေ အရိုက်ခံရတဲ့ မင်းနိုင်ကတော့ ခုထိနားအူနေလို့ နားဆေးရုံက ဆေးစစ်ချက် ထပ်သွားယူနေရတယ် “
ဟု နီးစပ်သူ တစ်ဦးကပြောကြားခဲ့သည်

အတိုက်အခံဆိုတာလည်း ပြည်သူပါပဲ မှားရင် ထောက်ပြ မမှန်တာတွေ့ရင် မမှန်ဘူးပြောရဲတာ အတိုက်အခ (ပြည်သူ) ပါပဲ။ ။
ပြည်သူ့ရဲဆိုတာ အဲ့လို လုပ်လို့ရလား ပြည်သူကို ကာကွယ်ဖို့လား နှိပ်စက်ဖို့လား။ ။
ဒီလို ပြည်သူတွေကို အစိုးရအဖွဲ့အစည်းတွေက နှိပ်စက် ညှင်းပန်းနေတာကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတာလား တကယ်မသိတာလားလို့ မေးချင်လိုက်တာ ဗိုလ်ချုပ်မှုးကြီးရယ် ။ ။
မိဘ လို အုပ်ချုပ်တယ်တဲ့လား
ပေါရိသာဒ လို မိဘမျိုးလားဗျာ
တပ်မတော်သာ အမိ တပ်မတော်သာ အဖ တဲ့လား

ကျွန်တော် မိဘမဲ့ ဖြစ်ချင်လိုက်တာ။ ။

သတင်းရေးသားသူ - မျိုးချစ်မြန်မာတစ်ဦး (ရန်ကုန်)

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

security code
Write the displayed characters


busy