|
သတိပေးတားမြစ်ချက်
|
|
Written by မျိုးချစ်
|
|
Monday, 15 March 2010 10:32 |
|
နအဖရဲ့ ဥပဒေအမှတ် ၂ /၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ထွက်လို့လာပါပြီ၊ ဒီဥပဒေ ထဲမှာ ကန့်သတ်ချက်တွေကအများကြီး ကျွန်တော်တို့ NLD ပါတီကို အကြပ်အတည်းဖြစ်စေအောင် ရေးဆွဲ ထားတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး၊ နိုင်ငံရေးပါတီထောင်လိုသူအတွက် ကိုက်ညီရမည့်အချက်ထဲ မှာ ထောင်ဒဏ်ကျခံသူ မဖြစ်စေရဆိုပြီး ပါလာတယ်၊ ကျွန်တော်တို့ NLD မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထွေထွေအတွင်းရေးမှူးပါ၊ ဒီပါတီကို စတင်ထူထောင်ပြီး စဖွဲ့စည်းကတည်းက ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းခဲ့တာပါ။ မတရားချုပ်နှောင်ခံထားရတဲ့ ကာလမှာ CEC အဖွဲ့ ဖွဲ့ထားတာ၊ ပါတီပြိုလဲမသွားအောင် ထိန်းထားတဲ့ သဘောပဲထားပြီး၊ ကျန်တာ ဒေါ်စုကြည် ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာဆိုတော့ ဒေါ်စုကြည် မပါ အောင် လုပ်လိုက်တယ်ဆိုတာ သိသာပါတယ်။ စောင့်ထိန်းလိုက်နာရမဲ့အချက်တွေထဲမှာ နိုင်ငံခြားတိုင်းပြည် တစ်ခုခုရဲ့ အစိုးရ/ ဘာသာရေးအဖွဲ့ / အခြားအဖွဲ့အစည်းတစ်ခုခုမှ ငွေကြေး၊ပစ္စည်း၊ အခြား အထောက်အပံ့ ကို တိုက်ရိုက်/သွယ်ဝိုက်ရယူသုံးစွဲခြင်း မပြုရဆိုပြီး ပါလာတယ်။ ဒါဆိုရင် ကျွန်တော်တို့ NLD က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအတွက်နဲ့ လူမှုရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ၊ ပြည်ပအဖွဲ့အစည်းတွေက ပံ့ပိုးကူနေတာကိုပါ အကြောင်းရှာလာတဲ့သဘောမျိုး ဖြစ်နေတယ်။ ယခုပါတီထောင်ဖို့ ပြင်ဆင်ကြိုးစား တဲ့အဖွဲ့အစည်း၊ တရားဝင်မှတ်ပုံတင်မထားပေမဲ့ ထောင်ထားပြီးတဲ့ ပါတီအဖွဲ့အစည်းတွေဟာ အထောက်အပံ့ မရှိပဲ ဘယ်လိုရပ်တည်မလဲဆိုတာ သိရက်နဲ့ ၊ ပါတီထောင်လို့မရအောင် လုပ်ထားတယ်။ နအဖ ကျောထောက်နောက်ခံပြုထားတဲ့ ပါတီအချို့၊ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ရင် ဘယ်အထောက်အပံ့နှင့် ရပ်တည်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။ ဒေါ်စုကြည်က ထောင်ဒဏ်ကျခံနေရလို့ ပါတီထောင်လို့ မရ ဘူး။ ရွေးကောက်ပွဲ ၀င်လို့ မရဘူးဆိုရင် ကျွန်တော်တို့ ကြိုးစားခဲ့၊ ရင်နှီးပေးဆပ်ခဲ့ရတာတွေ ရေစုန်မျှောလိုက်ရတော့မှာလား၊ တခြားနာမည်ပြောင်းပြီး ပါတီထောင်ရမလား၊ ဒါမှမဟုတ် ရွှေဂုံတိုင် ကြေညာချက်ကြီးကိုင်စွဲပြီး ရွေးကောက်ပွဲမ၀င်ဘဲ၊ ၀င်လိုတဲ့လူတွေ၊ တခြားပါတီနဲ့ မဟာမိတ်ဖွဲ့ပြီး ၀င်အရွေး ခံရတော့မှာလား၊ မတရားတာကို လက်ပိုက်ကြည့်နေရမှာလား။
မောင်ရေချမ်း (NLD အဖွဲ့ဝင်ဟောင်း) |
|
ဖိတ်ကြားခြင်း
|
|
Written by မျိုးချစ်
|
|
Saturday, 13 March 2010 09:06 |
|
20100312 Dr_MichaelAris_11years |