Home ဖြန့်ဝေခြင်း သတိပေးတားမြစ်ချက်
သတိပေးတားမြစ်ချက်
NLD ပါတီဝင်များ စဉ်းစားရမည့် အဓိကအချက် PDF Print E-mail
ဖြန့်ဝေခြင်း - သတိပေးတားမြစ်ချက်
Written by မျိုးချစ်   
Monday, 15 March 2010 10:32
နအဖရဲ့ ဥပဒေအမှတ် ၂ /၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ထွက်လို့လာပါပြီ၊ ဒီဥပဒေ ထဲမှာ  ကန့်သတ်ချက်တွေကအများကြီး ကျွန်တော်တို့ NLD ပါတီကို အကြပ်အတည်းဖြစ်စေအောင် ရေးဆွဲ ထားတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး၊ နိုင်ငံရေးပါတီထောင်လိုသူအတွက် ကိုက်ညီရမည့်အချက်ထဲ မှာ ထောင်ဒဏ်ကျခံသူ မဖြစ်စေရဆိုပြီး ပါလာတယ်၊ ကျွန်တော်တို့ NLD မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထွေထွေအတွင်းရေးမှူးပါ၊ ဒီပါတီကို စတင်ထူထောင်ပြီး စဖွဲ့စည်းကတည်းက ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းခဲ့တာပါ။ မတရားချုပ်နှောင်ခံထားရတဲ့ ကာလမှာ CEC အဖွဲ့ ဖွဲ့ထားတာ၊ ပါတီပြိုလဲမသွားအောင် ထိန်းထားတဲ့ သဘောပဲထားပြီး၊ ကျန်တာ ဒေါ်စုကြည် ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာဆိုတော့ ဒေါ်စုကြည် မပါ အောင် လုပ်လိုက်တယ်ဆိုတာ သိသာပါတယ်။ စောင့်ထိန်းလိုက်နာရမဲ့အချက်တွေထဲမှာ နိုင်ငံခြားတိုင်းပြည် တစ်ခုခုရဲ့ အစိုးရ/ ဘာသာရေးအဖွဲ့ / အခြားအဖွဲ့အစည်းတစ်ခုခုမှ ငွေကြေး၊ပစ္စည်း၊ အခြား အထောက်အပံ့ ကို တိုက်ရိုက်/သွယ်ဝိုက်ရယူသုံးစွဲခြင်း မပြုရဆိုပြီး ပါလာတယ်။ ဒါဆိုရင် ကျွန်တော်တို့ NLD က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအတွက်နဲ့ လူမှုရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ၊ ပြည်ပအဖွဲ့အစည်းတွေက ပံ့ပိုးကူနေတာကိုပါ အကြောင်းရှာလာတဲ့သဘောမျိုး ဖြစ်နေတယ်။ ယခုပါတီထောင်ဖို့ ပြင်ဆင်ကြိုးစား တဲ့အဖွဲ့အစည်း၊ တရားဝင်မှတ်ပုံတင်မထားပေမဲ့ ထောင်ထားပြီးတဲ့ ပါတီအဖွဲ့အစည်းတွေဟာ အထောက်အပံ့ မရှိပဲ ဘယ်လိုရပ်တည်မလဲဆိုတာ သိရက်နဲ့ ၊ ပါတီထောင်လို့မရအောင် လုပ်ထားတယ်။ နအဖ ကျောထောက်နောက်ခံပြုထားတဲ့ ပါတီအချို့၊ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ရင် ဘယ်အထောက်အပံ့နှင့် ရပ်တည်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။ ဒေါ်စုကြည်က ထောင်ဒဏ်ကျခံနေရလို့ ပါတီထောင်လို့ မရ ဘူး။ ရွေးကောက်ပွဲ ၀င်လို့ မရဘူးဆိုရင် ကျွန်တော်တို့ ကြိုးစားခဲ့၊ ရင်နှီးပေးဆပ်ခဲ့ရတာတွေ ရေစုန်မျှောလိုက်ရတော့မှာလား၊ တခြားနာမည်ပြောင်းပြီး ပါတီထောင်ရမလား၊ ဒါမှမဟုတ် ရွှေဂုံတိုင် ကြေညာချက်ကြီးကိုင်စွဲပြီး ရွေးကောက်ပွဲမ၀င်ဘဲ၊ ၀င်လိုတဲ့လူတွေ၊ တခြားပါတီနဲ့  မဟာမိတ်ဖွဲ့ပြီး ၀င်အရွေး ခံရတော့မှာလား၊ မတရားတာကို လက်ပိုက်ကြည့်နေရမှာလား။

 

မောင်ရေချမ်း (NLD အဖွဲ့ဝင်ဟောင်း) 

 
မြန်မာနိုင်ငံမှမိန်းကလေးများ မလေးရှားကိုမသွားဖို့ PDF Print E-mail
User Rating: / 1
PoorBest 
ဖြန့်ဝေခြင်း - သတိပေးတားမြစ်ချက်
Written by မျိုးချစ်   
Friday, 26 February 2010 13:54

ကျွန်တော် ၁၇ ရက် ၂ လ ၂၀၀၉ ခုနှစ် နေ့က လေယာဉ် လက်မှတ်ရောင်းသော ရုံး ကိုရောက်တော့ လက်မှတ်ရုံမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း တစ်ဦးက'အစ်ကိုရေ မနေ့က ဂျိုးဟိုး က မိန်းကလေး အယောက် ၃၀ ရဲ့  မြန်မာပြည်ကို
ပြန်ရမဲ့ သတင်းကြားတော့ ပျော်ရမလို ဝမ်းနည်းရမလို ဖြစ်မိတာ အမှန်ပါပဲ ဒါပေမဲ့ အခုလို စီးပွားရေး ပျက်ကပ်ထဲမှာမြန်မာ အမျိုးသမီး ၃၀ ကို ဘေးလွှတ်ရာကို ပို့လိုက်ရတယ်လို့ပဲ သတ်မှတ်မိပါတယ်။အမျိုးသမီး ၃၀ ထဲမှာ ကျွန်တော် ထပ် အသက်ကြီးတဲ့လူ ပါသလို ကျွန်တော် ထပ် ငယ်တာလည်းပါ ပါတယ်။
တချို့ ဆိုရင် ၁၆၊ ၁၇ အရွယ်တွေတောင် ပါသေးတယ်လို့ ဆိုပါတယ်။ဘာကြောင့် ဒီစကားကို ပြောရသလည်း ဆိုတော့ မြန်မာပြည် ပြန်သွားရင် (သို့)ပြန်ပို့ခံရရင် ဘာပဲပြောပြော နံပါတ်(၁) အနေနဲ့ မိဘ ရင်ခွင်ထဲ နေထိုင်မှာတော့ မလွဲပါဘူး။ကျွန်တော် တို့ ငယ်စဉ်းထဲက ကျွေးမွေးပြုစုလာတဲ့ မိဘ ရင်ခွင်လောက် အေးမြတာရှိဦးမလားလို့ ဆိုချင်ပါတယ်။ဒုတိယ ရင်ဆိုင်ရမှာက မိမိထွက်ခွာ စဉ်းမှာ အဆင်မပြေလို့ ချေးဌား လာရတဲ့အတွက် အကြွေးရှင်တွေနဲ့ ရင်ဆိုင်ရတဲ့ အချက်ပါပဲ။ဒါကလည်း ပြေလည်အောင်ရှင်းလိုက်ရင် ဒါမှမဟုတ် မိဘ ညီအစ်ကို မောင်နှမ အားနဲ့ရှင်လိုက်ရှု အလွယ်တကူ ပြေလည်သွားမဲ့အရာတွေပါလို့ ကျွန်တော် ထင်ပါတယ်။စိတ်ဒုက္ခရောက်လည်း ခဏပါပဲ။ဒါပေမဲ့ မြန်မာပြည် ပြန်ရမှာ ဘာမှမပါပဲနဲ့ ရှက်စရာကြီးလို့ ပြောတဲ့လူတွေ တပုံတပင် ကြီးပါပဲ။အဲဒီလို ရှက်စရာ ဆိုတဲ့ အချက်တချက်နဲ့ အလုပ်အဆင်ပြေမှု့  ကိုစောင့်နေတဲ့ မြန်မာ အမျိုးသမီးတွေ မလေးရှား နိုင်ငံမှာအများကြီးပါပဲ။သူတို့ကိုလည်း အပြစ်မပြောပါဘူး။ကျွန်တော် တို့ မြန်မာနိုင်ငံမှာ အဆင်မပြေတာ ယောက်ျားလေးတွေအနေနဲ့ အဆင်မပြေရင် တွေ့တဲ့သူငယ်ချင်း အိမ်မှာအိပ်လို့ရတယ်။စားလို့ရတယ်။နေလို့ရပါတယ်။အလုပ်အဆင်ပြေတဲ့ အထိ တွေ့တဲ့နေရာ သင့်တော်တဲ့နေရာတွေမှာ သွားလာလှုပ်ရှားနေလို့ရပါတယ်။
အမျိုးသမီးတွေ အနေနဲ့ကြတော့ နေလို့ရမလား။ယောက်ျားလေးတွေက အလုပ်အဆင်မပြေရင် အလုပ်ကပြေးဖို့ (အိုဗာစတေး)ဖြစ်ပြီး အလုပ်မှာ ဒေါင်ကျကျ ပြားကျကျ နေလို့ရသလို မိန်းကလေးတွေရော နေလို့ရမလား။ဟိုတလောက သူငယ်ချင်းတစ်ယောက် ဂျိုးဟိုး က ပြန်လာတော့ ဂျိုးဟိုး ကားဂိတ် မှာ အမျိုးသမီး နှစ်ယောက်တွေ့တယ်။အဲဒီ အမျိုးသမီးလေးတွေက ကျွန်တော်တို့ စကားပြောတာတွေ့တော့ ကျွန်တော် တို့ကို မြန်မာလူမျိုးလားလို့ စကားစပါတယ်။အဲဒါနဲ့ ကျွန်တော်လည်း ဟုတ်ပါတယ် ပြောတော့ ကျမ တို့ ကို ကူညီပါ။ကျမတို့ကို အေးဂျင့် က အခန်းထဲမှာ ချုပ်ထားတာ၊အဲဒါနဲ့ ကျမတို့ ထွက်ပြေးလားတယ်တဲ့။ဘယ်သွားမလို့လည်ဆိုတော့ ကေအယ် (kl)တဲ့ဗျာ။ ကွာလာလမ်းပူ ဆိုတာ မြို့ ကြီး ၊အဲဒီမှာ ဘယ်သူရှိလည်းဆိုတော့ ကျမ တို့ ရက်ကွပ် ထဲက အသိရှိတယ်။သူနဲ့လည်း အဆက်သွယ်ရှိတယ်။သူလာကြိုမယ်ဆိုလို့ ကျမ တို့ထွက်လာကြတာတဲ့။ဒါနဲ့ ရက်ကွပ်ထဲက သူငယ်ချင်း ဆိုတဲ့ သူကိုဆက်သွယ်တော့ သူဆင်းမလာရဲဘူးတဲ့။ဖြစ်နိုင်ရင် ကေအယ် (kl ) ကို ခေါ်ခဲ့ပါတဲ့။ကျွန်တော် တို့လည်း ရှိတဲ့ ပိုက်ဆံနဲ့ အဲဒီ အမျိုးသမီး နှစ်ယောက်ကို လမ်းစရိတ် ခံပြီး ကေအယ် (kl) ကို ခေါ်လာခဲ့ပါတယ်။လမ်းခရီး မှာ စကားပြောဖြစ်တော့ နှစ်ဦး စလုံးက အမျိုးကောင်း သမီးတွေပါ။ ကျွန်တော်တို့သာ အမျိုးသားချင်း မကူညီဘူးဆိုရင် အဲဒီ အမျိုးသမီး နှစိယောက်က မတွေးရဲစရာပါ။နောက်ပြီး ကျွန်တော် တို့ သူ့အပေါ်မှာ ယုတ်မာခဲ့ရင်ရော သူတို့ဘယ်လိုနေမလဲ။ဒါပေမဲ့ ကျွန်တော်တို့ သူတို့ကို သူ့ သူငယ်ချင်းနေတဲ့ နေရာအထိ လိုက်ပို့ပေးခဲ့ပါတယ်။ဂျိုးဟိုး က ပြန်လာတဲ့ သူငယ်ချင်း တစ်ဦးက ပြောပါတယ်။ပြီးတော့ ဂျိုးဟိုး မှာလည်း အလုပ်လက်မဲ့ အမျိုးသမီးတွေ အများကြီးပါပဲ။တချို့ ဆိုရင် အရမ်းဒုက္ခရောက်နေကြတယ်။အလုပ်မရှိတော့ စားစရာ မရှိ၊စားစရာမရှိတော့ ဟိုဒင်း.........ဟိုဟာတွေ လုပ်ကုန်ကြတယ်။မြန်မာဆိုင် ဖွင့်ထားတဲ့ အမျိုးသမီး တစ်ဦးက တချို့ ဆိုရင် RM 10/20နှင့်တောင် အဲဒီကိစ္စတွေ ကျူးလွန် ကြတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ပေါ့ဗျာ .......ဘယ်သူမပြု မိမိမှု့ ပေါ့ဗျာ။မလေးရှားနိုင်ငံ စီးပွားရေးကျတာနဲ့ ကျွန်တော်တို့ အမျိုးသားတွေ မြန်မာ အမျိုးသမီးတွေ ဒုက္ခရောက်ရတာကတော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ခံစားရမှာပဲ။ကျွန်တော် တို့ အစိုးရ ကမှ တာဝန် မယူနိုင်တာ။ဘယ်သူယူမှာလဲ။ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေ ဒီနိုင်ငံမှာ ကယ်မဲ့သူ မဲ့ပြီး၊ဒုက္ခတွေရောက်နေကြတယ်။ကျွန်တော် ဆန္ဒကတော့ဗျာ မြန်မာအမျိုးသမီးတွေကို ပြန်စေချင်တယ်ဗျာ.........ဒီနိုင်ငံ ဒုက္ခရောက်နေပေမဲ့ အတူတူ ကိုယ့်နိုင်ငံ ကိုယ်ပြန်ပြီး မိဘရင်ခွင်အောက်မှာ နေထိုင်တာက ပိုပြီး အေးချမ်းကောင်းမွန်တယ်လို့ ဆန္ဒပြုလိုက်ပါရစေ။
(လမ်းသစ် ဂျာနယ်မှ ကိုအောင်အောင် ရေးသော စာဖြစ်ပါသည်။သူ့ ကိုယ်စား ကိုယ့်မြန်မာ အမျိုးသမီးများ မလေးရှား စီးပွားပျက်နေတဲ့ အချိန် ကျေးဇူးပြုပြီး မလေးရှားကို မလားဖို့ တိုက်တွန်းပါတယ်)

ဒီစာကိုတွေ့ပြီးဒါနဲ့ ခင်ဗျား တိုရဲ့  အိမ်နီးနားချင်းမှ မိန်းကလေးများ သူငယ်ချင်းများ အားလုံး ကို လက်ဆင့်ကမ်းပြောပေးကြပါလို့ မလေးရှား ကို မလာဖို့ တိုက်တွန်း ပေးကြပါဗျာ.....အေးဂျင့် တွေ ပြောရင်လည်း မယုံပါနဲ့.... ခင်ဗျာတို့ရဲ့ သူငယ်ချင်း gmail တွေကိုလည်း forward လုပ်ပေးကြပါလို့

ကျွန်တော် မောင်လူလေး (ခေါ်) လင်းလင်း က မေတ္တာရပ်ခံပါတယ်

Last Updated ( Sunday, 28 February 2010 12:33 )
 
၂၀၀၈ အခြေခံဥပဒေ ကြောင့် ဖြစ်လာမည့် အကျိုးဆက်များ PDF Print E-mail
ဖြန့်ဝေခြင်း - သတိပေးတားမြစ်ချက်
Written by မျိုးချစ်   
Wednesday, 10 February 2010 16:54
201002101

201002102

 
New Year Warning PDF Print E-mail
ဖြန့်ဝေခြင်း - သတိပေးတားမြစ်ချက်
Written by မျိုးချစ်   
Friday, 01 January 2010 03:13

Dear friends,

Recently, you may have received an email just like the one shown in the picture below.
It is threatening that your email account may become permanently deleted if you do not click reply to verify that you still own that account.


*** DO NOT HIT REPLY ***


I REPEAT


*** DO NOT HIT REPLY ***

All it will do is to take all your personal info’s and you will just give up your security answers to all your accounts.
Just delete that email and everything is going to be fine.

Happy New Year 2010

Be safe out there & Don’t drink & drive

Your's

M.C

Please click on photo to ENLARGE!

 

မိတ်ဆွေတို့

E-Mail ထဲမှာ ဒီလို E-Mail တစ်ခုရောက်လာပါလိမ့်မယ် Google က လို့ထင်ရပေမယ့် လုံးဝမဟုတ်ပါဘူး
အဲ့ဒါ Identity Theft လုပ်မယ့် Email ပါ သူနှိပ်ခိုင်းထားတဲ့ Reply ကို လုံးဝမနှိပ်ပါနဲ့
သူကတော့ Reply မလုပ်လိုက်ရင် EMail Account ပျက်သွားတော့မယ်ဆိုပြီးရေးထားပေမယ့် မကြောက်ပါနဲ့ Google အစစ် က အဲ့လို ဘယ်တော့မှမလုပ်ပါဘူး
ဘာမှမပူပါနဲ့ အဲ့ဒိ Email ကိုသာဖျက်ပစ်လိုက်ပါ ပြီးရင် ဒီစာလေးကိုလဲ နီးစပ်ရာ ကို လက်ဆင့်ကမ်းပေးပါ

နှစ်သစ်မှာ အန္တရာယ်ကင်းဘေးရှင်းကြပါစေ

မျိုးချစ်မြန်မာ

 
Facebook Virus PDF Print E-mail
ဖြန့်ဝေခြင်း - သတိပေးတားမြစ်ချက်
Written by မျိုးချစ်   
Thursday, 12 November 2009 01:04

မိတ်ဆွေတို့

ခုရက်ပိုင်းအတွင်းမှာ မြန်မာ အစိုးရ (IT) အဖွဲ့ကလို့ ယူဆရတဲ့ Virus တစ်မျိုးထွက်နေပါတယ်
ဒီ Virus ကို သူတို့ ပို့ဆောင်နည်းကတော့ လူအသုံးများတဲ့ FaceBook ကနေပြီးတော့ပို့နေတာပါ။
Gmail ကိုဖွင့်လိုက်ရင် Inbox ထဲမှာ အောက်ပါ ပုံအတိုင်း Mail တစ်ခုတွေ့ရပါလိမ့်မယ်

မှတ်ချက်။ ။ မြင်လွယ်၊ နားလည်လွယ်အောင် မှင်အနီရောင် နဲ့ နံပါတ်တွေခွဲပြထားပါတယ် မူရင်းစာမှာ နံပါတ်တွေ မပါပါဘူး၊

Please click on photo to ENLARGE!

XXX XXX sent you a message on Facebook... ( XXX နေရာက ပို့သူ အမည်ဟာ ကိုယ်မသိတဲ့သူ ရော သိပြီးသားလူရောဖြစ်နိုင်ပါတယ် )
ညာဘက်က Show Detail ဆိုတာလေးကိုနှိပ်လိုက်ရင်လဲ Facebook က နေတဆင့်ပို့ထားတာမို့ သာမန်ယုံကြည်လောက်စရာ စာတစ်စောင်ပုံပါဘဲ
ပို့တဲ့သူ က FaceBook Server က ဆိုတော့ စိတ်ချရတဲ့ အသွင်မှာရှိပါတယ် နောက်ပြီး Junk Email Filter ကလဲ လွှတ်ပေးပါလိမ့်မယ် ဘာလို့လဲဆိုတော့ Facebook က စိတ်ချရတဲ့ Sender List ထဲမှာ ပါပြီးသားမို့ပါ
စာရဲ့ Subject ရဲ့အောက်က Message Body မှာတော့ စာတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မတူတာလေးတွေရှိပါမယ်

တစ်ချို့က

"Wow! Is that really you in his video?”

ဒါမှမဟုတ်

"Sweet! Yoour boody lookss ggreat on thiis videoo!” ဆိုပြီးရေးထားပါလိမ့်မယ်

ဒီ Sample Mail ထဲမှာ မှင်အနီနဲ့ နံပါတ်စဉ်တပ်ပြထားတဲ့ Active Hyper Link ၅ ခု ပါပါတယ်

1 ကိုနှိပ်လိုက်ရင် တိုက်ရိုက် Virus ရှိတဲ့ Page ကို အလိုအလျောက် Auto Redirect လုပ်သွားပါလိမ့်မယ်
ဒါဆို မိတ်ဆွေရဲ့ PC ထဲမှာရှိသမျှ Passwords တွေအားလုံးကို သူတို့ ရသွားပါပြီ

2 ကို နှိပ်လိုက်ရင် Facebook ရဲ့ Message Reply Page ကိုရောက်သွားပြီး Virus ပါတဲ့ Page ကို Reply လုပ်ဖို့နေရာကိုရောက်ပါလိမ့်မယ်
ဒီမှာ ထပ်ပြီး Link ကလေးတစ်ခု ထပ်တွေ့ပါလိမ့်မယ်
အဲ့ဒိ Link က အပေါ်က 1 ကို နှိပ်လိုက်ရင် ရောက်သွားမယ့် Link ပါဘဲ ဒီတော့ သူ့ကို နှိပ်လိုက်ရင်လဲ Virus ကတော့ ဝင်သွားမှာပါ

Link 3 4 5 တွေက Facebook ရဲ့ မူရင်းနေရာတွေပါ ဘာမှ အန္တရာယ် မပေးပါဘူး စူးဆန်းတီထွင်ချင်သူတွေ အတွက် ပြောပြတာပါ
ဒီတော့ အကောင်းဆုံးကာကွယ်နည်းက အဲ့လို Mail တွေ့တာနဲ့ ဖျက်ပစ်လိုက်တာပါဘဲ ဒါဆို ဘာမှ ဖြစ်လာစရာမရှိတော့ပါဘူး
ဖျက်လိုက်လို့ ဘာများ ရေးထားလဲ သိချင်ရင် မိတ်ဆွေရဲ့ Facebook Home Page မှာ သွားကြည့်ပါ တွေ့ပါလိမ့်မယ်
အဲ့ဒိ link ကို Gmail ထဲက မှ မဟုတ်ပါဘူး Blog, CBox, Forum, Facebook နဲ့ အခြား Comment ရေးလို့ရတဲ့ နေရာတွေတိုင်း မှာ တင်ထားလို့ရပါတယ်
Server တွေအားလုံးဟာ Virus ကို Server ပေါ်မှာတိုက်ရိုက်တွေ့ထိမှသာ ပြန်ခုခံနိုင်တာပါ ( ဥပမာ E-Mail ထဲမှာ Attachment နဲ့ ထည့်ပေးတာမျိုး )
Link တစ်ခုက ဘယ်ကိုညွှန်ထားတယ်ဆိုတာ သိနိုင်စွမ်းမရှိပါဘူး Server တွေရဲ့ Antivirus တွေက Hyper Link တွေကို Scan မလုပ်ပါဘူး
မိတ်ဆွေတို့နားလည်ထားရမှာက Facebook ဟာ Social Networking အတွက်သီးသန့်ရည်ရွယ်ထားတာပါ
လုံခြုံရေးအရ သေချာပြင်ဆင်ထားတာမဟုတ်ပါဘူး သူတို့မှာ Spam Protection Bot တစ်ခုဘဲရှိပါတယ်
Antivirus Bot တွေ သေချာမထည့်ထားပါဘူး..
Photo နဲ့ Video (Youtube) Link တွေကို Facebook က Auto Preview ပြထားတဲ့အတွက် သိသာပါတယ်
ဒီတော့ နောင်ဆိုရင် Facebook ထဲမှာ ကိုယ်နဲ့လုံးဝ သို့မဟုတ် သေချာ မသိတဲ့သူတွေ ပို့ထားတဲ့ Link တွေဆိုရင် ဘာမှ မနှိပ်တာ အကောင်းဆုံးပါ

ဒီစာရေးနေတဲ့ အချိန်မှာဘဲ ဒီ Virus က မြန်မာ ၅၀၀ လောက် ကို ထိပြီးသွားပါပြီ
ဒါ သေချာ သတိမထားရင် ရက်ပိုင်းအတွင်း လူသိန်းနဲ့ချီ ပြီး ပြန့်သွားနိုင်ပါတယ်
ဘာလို့လဲ ဆိုတော့ ဒီ Virus က မိတ်ဆွေရဲ့ PC ကို အခိုင်အမာ ခြေကုပ်ယူပြီး မိတ်ဆွေရဲ့ Email List, Contact List တွေအားလုံးထဲက လိပ်စာတွေကိုပါ တောက်လျှောက် လိုက်ပို့ပါလိမ့်မယ်
ပြီးရင် သူတို့ ရဲ့ Contacts တွေ ကနေ တဆင့်ပြီးတဆင့် ထပ်ပွားသွားတဲ့ Chain Reaction ပုံစံမျိုးဖြစ်သွားမှာပါ
သတိထားပြီး ရှောင်ရှားနိုင်ကြပါစေ

လေးစားခင်မင်စွာဖြင့်

မျိုးချစ်

Last Updated ( Thursday, 12 November 2009 05:39 )
 
<< Start < Prev 1 2 3 4 5 6 7 Next > End >>

Page 1 of 7

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ